www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 9, 2016

KIA လက်နက်ကိုင်အဖွဲ့က ဆက်ကြေး ကောက်ခံလျက်ရှိသည့် တံတားညီနောင် ကျေးရွာနှင့် ဆောင်းခါကျေးရွာ အနီးသို့ တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းခြင်းများ ဆောင်ရွက်


နေပြည်တော် ၊ ၉-၁၁-၂၀၁၆

ကချင်ပြည်နယ် ၊ ဖားကန့်မြို့နယ် ၊ ကာမိုင်းမြို့နယ်ခွဲ ၊ တံတားညီနောင် ကျေးရွာ၌ KIA လက်နက်ကိုင် အဖွဲ့မှ လက်နက်ငယ် ကိုယ်စီကိုင်ဆောင် ထားသည့် အင်အား ၅ဝ ဦးခန့်သည် ယမန်နေ့နံနက် ၆နာရီခွဲခန့် မှ ၁ဝနာရီအထိ ကျေးရွာ အဝင်၊အထွက်နှင့် ရွာလယ်နေရာ များတွင် ဖြန့်ခွဲ၍ မိုးကောင်း-ဖားကန့် ကားလမ်းပေါ်တွင် သွားလာလျက် ရှိသည့် ခရီးသည်တင် ယာဉ်ကြီး၊ ယာဉ်ငယ်တို့အား တစ်စီးလျှင် ကျပ်တစ်သိန်း၊ စက်သုံးဆီ ပီပါများ သယ်ဆောင် လာသည့် ခြောက်ဘီးယာဉ် နှစ်စီးထံမှ ဆီတစ်ပီပါလျှင် ကျပ် ၁၀၀၀၀ ကောက်ခံခဲ့ကြောင်း နှင့် ၈ မိုင်လမ်းဆုံ နှင့် ဆောင်းခါကျေးရွာကြား ဆောင်းခါကျေးရွာ၏ အရှေ့တောင်ဘက် တစ်မိုင်ခန့်အကွာ ဒေသအခေါ် စာပို့တွဲ နေရာ၌လည်း KIA လက်နက်ကိုင် အဖွဲ့မှ အင်အား ၃ဝ ဦးခန့်က ယမန်နေ့နံနက် ၈ နာရီခန့်တွင် မိုးကောင်းမှ ဖားကန့်ဘက်သို့ သွားလာလျက် ရှိသော ယာဉ်ကြီး တစ်စီးလျှင် ကျပ်တစ်သိန်း၊ အိမ်စီးယာဉ်ငယ် တစ်စီးလျှင် ကျပ် ၁၅ဝဝဝဝ ဆက်ကြေး ကောက်ခံလျက် ရှိပြီး ငွေမပေးနိုင်သည့် မော်တော်ယာဉ် နှစ်စီးပေါ်မှ လက်ကိုင်ဖုန်း ငါးလုံးအား သိမ်းယူသွားကြောင်း သတင်းများအရ ဆောင်းခါကျေးရွာ အနီးသို့ နယ်မြေခံ တပ်မတော် စစ်ကြောင်းများ က သွားရောက် နယ်မြေ ရှင်းလင်းရာ KIA လက်နက်ကိုင် အဖွဲ့သည် အနောက်ဘက်သို့ ပြန်လည်ထွက်ခွာ သွားကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger