www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 9, 2016

မြစ်ကြီးနား-ဗန်းမော် သွား ကားလမ်း၌ KIA လက်နက်ကိုင်အဖွဲ့မှ ထောင်ထားသည့် မိုင်းတစ်လုံး တွေ့ရှိ


KIA လက်နက်ကိုင်အဖွဲ့မှ ထောင်ထားသည့် မိုင်းတစ်လုံးကို တွေ့ရစဉ်

နေပြည်တော် ၊ ၉-၁၁-၂၀၁၆

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်း တပ်မတော်သား များနှင့် ပြည်သူ့စစ် အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် လမ်းလုံခြုံရေး ဆောင်ရွက်စဉ် နိုဝင်ဘာ ၇ ရက် နံနက် ၉ နာရီ မိနစ် ၄ဝ ခန့်တွင် အောင်မြေ(၁) ကျေးရွာ၏ မြောက်ဘက် တစ်မိုင်ခန့် အကွာရှိ မြစ်ကြီးနား- ဗန်းမော် သွား ကားလမ်း၏ အနောကဘ် က် ၁၅ ပေခန့်အကွာ ချုံအတွင်းမှ KIA လက်နက်ကိုင် အဖွဲ့က ထောင်ထားသော ကားစလစ်အိုးဖြင့် ပြုလုပ်ထားသည့် အမြင့် ၁၀ လက်မ ၊ အချင်း ခြောက်လက်မရှိ ဒေသန္တရ လက်လုပ်မိုင်း တစ်လုံးကို တွေ့ရှိသဖြင့် သက်မဲ့ ပြုလုပ်ခဲ့သည်။

အဆိုပါမိုင်းအား စနစ်တကျ ဖောက်ခွဲဖျက်ဆီး သွားမည်ဖြစ်ပြီး ၄င်းနေရာ တစ်ဝိုက်အား တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger