www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 23, 2016

KIA, TNLA နှင့် MNDAA သောင်းကျန်းသူအဖွဲ့များက ဖရီသီးတင်ဆောင်လာသည့် ကုန်တင်ယာဉ်အား ပစ်ခတ်ဖျက်ဆီး


KIA, TNLA နှင့် MNDAA သောင်းကျန်းသူအဖွဲ့များက ပစ်ခတ်ဖျက်ဆီးခဲ့သည့် 
ကုန်တင်ယာဉ်ကို တွေ့ရစဉ်

နေပြည်တော် ၊ ၂၃-၁၁-၂၀၁၆

KIA, TNLA နှင့် MNDAA လက်နက်ကိုင် အဖွဲ့များက ကွတ်ခိုင်မြို့နယ် အတွင်း ဖရဲသီးတင်ယာဉ် တစ်စီးအား လက်နက်ငယ်၊ လက်ပစ်ဗုံး တို့ဖြင့် ပစ်ခတ်ဖျက်ဆီး ခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီမှ ထုတ်ပြန် ထားသည်။

မန္တလေးမှ မူဆယ်သို့ ဖရဲသီးများ တင်ဆောင်လာသည့် ဟီးနိုးအမျိုးအစား ခြောက်ဘီး ကုန်တင်ယာဉ်၊ ယာဉ်အမှတ် 3B/4178 သည် နန့်ကွတ်ကျေးရွာမှ ကွတ်ခိုင်မြို့သို့ ထွက်ခွာလာစဉ် နားဝိုင်အုပ်စု စဖြူးကျေးရွာ အနီး၌ KIA, TNLA နှင့် MNDAA လက်နက်ကိုင် အဖွဲ့များက ယာဉ်အား တားဆီး ၍ လမ်းပေါ်၌ ကန့်လန့်ဖြတ် ရပ်ခိုင်းပြီး ယာဉ်မောင်းနှင့် နောက်လိုက် တို့ကို ထွက်ပြေး စေကာ ကုန်တင်ယာဉ်အား လက်နက်ငယ်၊ လက်ပစ်ဗုံး တို့ဖြင့် ပစ်ခတ်ဖျက်ဆီး ခဲ့ကြောင်း ထုတ်ပြန် ထားသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger