www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 23, 2016

KIA, TNLA နှင့် MNDAA လက်နက်ကိုင် ပူးပေါင်းအဖွဲ့၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ယာဉ်မောင်း ပြည်သူတစ်ဦး သေဆုံး


KIA, TNLA နှင့် MNDAA လက်နက်ကိုင် ပူးပေါင်းအဖွဲ့ များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၁၂ ဘီးယာဉ်မောင်း သေဆုံးမှုကို တွေ့ရစဉ်

နေပြည်တော် ၊ ၂၃-၁၁-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း ဒေသတွင် KIA, TNLA နှင့် MNDAA လက်နက်ကိုင် ပူးပေါင်းအဖွဲ့ များ၏ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်မှု များကြောင့် ၁၂ ဘီးယာဉ်မောင်း တစ်ဦး နဖူးကျည်ဆန် ဖောက်ဝင် ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီမှ သတင်း ထုတ်ပြန်ထားသည်။

နမ့်ခိုင်ကျေးရွာမှ ကွတ်ခိုင်သို့ ထွက်ခွာလာသော ယာဉ်ကြီး/ ယာဉ်ငယ် ၁၈ စီးသည် ယာဉ်မောင်းများ မရှိဘဲ ရပ်တန့်ထားပြီး ယာဉ်များ သွားလာ၍ မရအောင် ပိတ်ဆို့ထားကြောင်း သတင်း ရရှိသဖြင့် ယမန်နေ့နံနက် ၈ နာရီတွင် တပ်မတော် စစ်ကြောင်းမှ သွားရောက် ရှင်းလင်းခဲ့ရာ KIA, TNLA နှင့် MNDAA လက်နက်ကိုင် ပူးပေါင်းအဖွဲ့ များ၏ ရက်စက်စွာ ပစ်ခတ်မှုကြောင့် အသက် ၄၂ နှစ်ခန့်ရှိ အပြစ်မဲ့ ယာဉ်မောင်း အမျိုးသား တစ်ဦး (အမည်နှင့် နေရပ်စိစစ်ဆဲ) သည် ၁၂ ဘီး Nissan ယာဉ်အမှတ် 7F/6289 ယာဉ်ဦးခန်း ပေါ်တွင် နဖူးကျည်ဆန်ဖောက်ဝင်ဒဏ်ရာ ဖြင့် သေဆုံးလျက် ရှိကြောင်း တွေ့ရှိရသည်။

အတင်းအကျပ် ပိတ်ဆို့ရပ်တန့် ထားခြင်း ခံရသည့် ယာဉ်များအနက် အချို့ယာဉ်များ၏ ကားမှန်များကို ရိုက်ခွဲခြင်းများ အပါအဝင် ယာဉ်များအား ဖျက်ဆီးမှုများ ပြုလုပ်ထား ကြောင်းတွေ့ရှိရပြီး လမ်းပေါ်တွင် ယာဉ်များ သွားလာရဲခြင်း မရှိစေရန်နှင့် ပြည်သူလူထု ထိတ်လန့်ကြောက်ရွံ့ စေရန် ရည်ရွယ်၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရှိရသည်။


မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger