www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, November 23, 2016

KIA, TNLA နှင့် MNDAA လက်နက်ကိုင်အဖွဲ့များ တိုက်ခိုက်မှုကြောင့် မူဆယ်မြို့၌ အပြစ်မဲ့ပြည်သူတစ်ဦး လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာရ



နေပြည်တော် ၊ ၂၃-၁၁-၂၀၁၆

KIA, TNLA နှင့် MNDAA လက်နက်ကိုင် အဖွဲ့များ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ တစ်ဦး လက်နက်ငယ် ကျည်ဆန် ထိမှန်သွားကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီမှ ထုတ်ပြန် ထားသည်။

မူဆယ်မြို့ နာရီစင်မီးပွိုင့် လမ်းဆုံတွင် သိန်းသန်းချီ ဆောက်လုပ်ရေး ကုမ္ပဏီမှ အလုပ်သမား အောင်ဇော်မင်း ၄၂ နှစ်(ဘ) ဦးအေးသောင် သည် သူငယ်ချင်း ဖြစ်သူအား နိုဝင်ဘာ ၂၁ ရက် ည ၈ နာရီ ၄၅ မိနစ်တွင် ဆိုင်ကယ် ဖြင့် ပို့ဆောင်စဉ် KIA, TNLA နှင့် MNDAA လက်နက်ကိုင် အဖွဲ့များက ပစ်ခတ်သော လက်နက်ငယ်ကျည် ထိမှန်သဖြင့် ရင်ဘတ်ဖောက် ဝင်ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့ပြီး မူဆယ်ဆေးရုံ တွင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger