www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, November 13, 2016

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများ လိုက်ပါလာသည့် မော်တော်ယာဉ်များအား အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများက လက်လုပ်မိုင်းတစ်လုံး ဖောက်ခွဲ၍ ချောင်းမြောင်းတိုက်ခိုက်


အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ မိုင်းထောင်ဖောက်ခွဲခဲ့သည့် တံတားကို တွေ့ရစဉ်

နေပြည်တော် ၊ ၁၃-၁၁-၂၀၁၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရှိ နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ် (ကျီးကန်းပြင်) မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား မော်တော်ယာဉ် သုံးစီးဖြင့် ငါးခူရစခန်းသို့ ပို့ဆောင်စဉ် ယမန်နေ့ နံနက် ၁ဝ နာရီ ၅၅ မိနစ်ခန့်တွင် မောင်နှမ (တောင်)ရွာ အဝင် ဘေလီတံတား အမှတ် ၃၈ သို့အရောက်၌ အကြမ်းဖက်စီးနင်း တိုက်ခိုက် သူများက လက်လုပ်မိုင်း တစ်လုံး ဖောက်ခွဲ၍ ကားလမ်း၏ ဘယ်ဘက် တောင်ကုန်း အနီးမှ လက်နက်ငယ် များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ သဖြင့် ရဲတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် ခဲ့ရာ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ သည် မြောက်ဘက်နှင့် အနောက်ဘက် သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့သည်။

ဖြစ်စဉ်တွင် လူထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိဘဲ မော်တော်ယာဉ် တစ်စီး၏ နောက်ပိုင်းမီးအုံ ကြေမွပျက်စီး သွားခဲ့ပြီး ပူးပေါင်းအဖွဲ့ သည် အကြမ်းဖက် စီးနင်း တိုက်ခိုက်သူများ ဆုတ်ခွာရာ နောက်သို့ လိုက်လံ ရှင်းလင်းလျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger