www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 7, 2016

စံမမီဆေးဝါး နှင့် သက်တမ်းလွန်ဆေးဝါး ငွေကျပ်သန်း ၈၀၀ ကျော်ဖိုး မီးရှို့ဖျက်ဆီးခဲ့



မန္တလေး ၊ ၇-၁၁-၂၀၁၆

မန္တလေးတိုင်း ဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (မန္တလေးရုံးခွဲ) အနေဖြင့် ယခုနှစ်အတွင်း မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ဆေးဆိုင်များတွင် စံမမီဆေးဝါး၊ သက်တမ်းလွန် ဆေးဝါး မှတ်ပုံတင် ထားခြင်း မရှိသောဆေးဝါး၊ ဆေးဝါးအတု၊ ရောနှောဆေးဝါး များ လိုက်လံစစ်ဆေးရာ တွေ့ရှိခဲ့သည့် စံမမီဆေးဝါးနှင့် သက်တမ်းလွန် ဆေးဝါး တန်ဖိုးငွေကျပ် သန်း ၈ဝဝ ကျော်ဖိုးကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန (မန္တလေးရုံးခွဲ) တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန အနေဖြင့် မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ဆေးဆိုင်များကို လိုက်လံ စစ်ဆေးရာတွင် မှတ်ပုံတင် ထားခြင်းရှိ မရှိ၊ မှတ်ပုံတင် ခေတ္တ ရုပ်သိမ်းခြင်း၊ ပယ်ဖျက်ခြင်း ပြုလုပ်ထားသော ဆေးဝါး၊ ဆေးဝါးအတု၊ စံမမီဆေးဝါး၊ ပျက်စီးဆေးဝါး၊ ရောနှောဆေးဝါးများ၊ ဘေးဥပဒ် ဖြစ်စေနိုင်သည့် ဆေးဝါးများဖြင့် ဖော်စပ်ထုတ်လုပ် ထားသော ဆေးဝါးများ၊ ဘေးအန္တရာယ် ဖြစ်စေသည့် ဆေးဝါးများ
စသည့်အချက်များ စစ်ဆေးခြင်းနှင့် သက်တမ်းလွန် ဆေးဝါးများနှင့် မြန်မာနိုင်ငံ ဆေးဝါး မှတ်ပုံတင်အမှတ် ပါရှိခြင်း ရှိ၊မရှိ စသည့်အချက် များကို အဓိကထား စစ်ဆေးကြောင်း သိရသည်။

အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအနေဖြင့် လူထုနှင့် ဆေးဝါး ထုတ်လုပ် ရောင်းချသူများ ကြားတွင် တာဝန်ယူ ဆောင်ရွက်ရသော အဖွဲ့အစည်း ဖြစ်သဖြင့် ဆေးဝါး ထုတ်လုပ် ဖြန့်ဖြူး ရောင်းချသူများ အနေဖြင့် ပြည်သူလူထု ဘေးအန္တရာယ် မဖြစ်စေရန်၊ ပြည်သူလူထု အပေါ်တွင် အမှန်တကယ် စေတနာထား၍ ထုတ်လုပ်ကြ ရန်နှင့် ဝယ်ယူသုံးစွဲသူ ပြည်သူများ အနေဖြင့် FDA က ထုတ်ပြန်ထားသော သတ်မှတ်ထားသည့် စည်းကမ်းချက် များ ၊သတင်း အချက်အလက် များနှင့် ဗဟုသုတများကို လိုက်နာ ကျင့်သုံးပြီး ဝယ်ယူသုံးစွဲ ကြရန် လိုအပ်ကြောင်း၊ အဆိုပါ ဆေးဝါးများကို သုံးစွဲမိပါက သုံးစွဲမိသူ ပြည်သူများတွင် ရောဂါ မပျောက်ခြင်း၊ ဆေးယဉ်ပါးခြင်း အပြင် အသက်ပါ ဆုံးရှုံးရ နိုင်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger