www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 7, 2016

ကမ္ဘာ့ဘဏ်၏ Doing Business- 2017 အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲမှု များစွာကို ပြုလုပ်နိုင်ခဲ့သည်ဟု ဖော်ပြထား



နေပြည်တော် ၊ ၇-၁၁-၂၀၁၆

ကမ္ဘာ့ဘဏ်မှ နှစ်စဉ်ထုတ်ပြန် ခဲ့သည့် Doing Business- 2017 အစီရင်ခံစာတွင် မြန်မာနိုင်ငံ သည် ပြုပြင် ပြောင်းလဲမှု များစွာကို ပြုလုပ်နိုင်ခဲ့ သဖြင့် ဒေသတွင်းရှိ စွမ်းဆောင်ရည် မြင့်မားသည့် နိုင်ငံများကဲ့သို့ တိုးတက်မှု လမ်းကြောင်းကို လိုက်နိုင်သည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်သည်ဟု ဖော်ပြ ထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန သတင်းများအရ သိရသည်။

အဆိုပါ Doing Business အစီရင်ခံစာ ကမ္ဘာ့ဘဏ်မှ နှစ်စဉ် ထုတ်ပြန်ပေး နေသည့် ကမ္ဘာပေါ်ရှိ စီးပွားရေး လုပ်ကိုင်ရ လွယ်ကူသည့် နိုင်ငံများ၏ အဆင့် သတ်မှတ်ချက်ကို ဖော်ပြသည့် အစီရင်ခံစာ ဖြစ်သည်။ ယခုနှစ် ထုတ်ပြန်ခဲ့သည့် Doing Business- 2017 အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် စီးပွားရေး လုပ်ကိုင်ရ လွယ်ကူသည့် နိုင်ငံအဆင့် သတ်မှတ်ချက်တွင် ယခင်နှစ် ကထက် အဆင့်တစ်ဆင့် မြင့်တက် လာခဲ့ကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် အဆိုပါ Doing Business- 2017 အစီရင်ခံစာ တွင် မြန်မာနိုင်ငံသည် စီးပွားရေး လုပ်ငန်းများ စတင် ဆောင်ရွက်ခြင်း ကဏ္ဍတွင် အဆင့်လေးဆင့် မြင့်တက် လာခဲ့သဖြင့် ကမ္ဘာပေါ်ရှိ ၁၈၉ နိုင်ငံတွင် အဆင့်(၁၄၆) နေရာ တွင်ရှိနေကာ လုပ်ငန်း တည်ဆောက်ခွင့် ပါမစ် ထုတ်ပေးခြင်း ကဏ္ဍတွင် အဆင့်(၆)ဆင့် မြင့်တက်လာကာ အဆင့် (၆၆) တွင်ရှိသည်။

ထို့အတူ ရင်းနှီးမြှုပ်နှံ သူများကို အကာအကွယ် ပေးခြင်းကဏ္ဍတွင် အဆင့်(၂)ဆင့် မြင့်တက်လာကာ အဆင့်(၁)တွင် ရှိနေပြီး ပိုင်ဆိုင်မှု မှတ်ပုံတင်ခြင်း ကဏ္ဍတွင်လည်း အဆင့်(၂)ဆင့် မြင့်တက်လာကာ အဆင့်(၁၄၃) နေရာတွင် ရပ်တည် နေခဲ့သည်။ 

ကမ္ဘာ့ဘဏ်၏ Doing Business- 2017 အစီရင်ခံစာတွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ကဏ္ဍ(၉)ခု ခွဲခြား သုံးသပ်ထားခြင်း ဖြစ်ရာ အထက် ဖော်ပြပါ ကဏ္ဍများသည် အဆင့်မြင့်တက် လာသဖြင့် မြန်မာနိုင်ငံ သည် ဒေသတွင်းရှိ စွမ်းဆောင်ရည် မြင့်မားသည့် နိုင်ငံများကဲ့သို့ ပင် တိုးတက်မှု လမ်းကြောင်းကို လိုက်နိုင်သည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်၏ Doing Business- 2017 အစီရင်ခံစာတွင် ဖော်ပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၀)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger