www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 21, 2016

ပထမဆုံးအနေဖြင့် ပြည်တွင်းကျောက်မျက် ရတနာကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း ပေးဆောင်ရမည်



မန္တလေး ၊ ၂၁-၁၁-၂၀၁၆

ပထမဆုံး အနေဖြင့် ပြည်တွင်း ကျောက်မျက် ရတနာ ဝယ်ယူသူများကို ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း ကောက်ခံ လာမှုနှင့် ပတ်သက်၍ မန္တလေး ကျောက်သမား များက မကျေမနပ် ဖြစ်နေကြောင်း မန္တလေး မဟာအောင်မြေ ကျောက်ဝိုင်းရှိ ကျောက်သမားများ ထံမှ သိရသည်။

နေပြည်တော် မဏိရတနာ ကျောက်စိမ်း ခန်းမ၌ ယမန်နေ့တွင် စတင်ကျင်းပ နေသည့် ကျောက်မျက် ရတနာပြပွဲ (ယူရိုပွဲကြီး) တွင် ပြည်တွင်း ကျောက်မျက် ရတနာ ဝယ်ယူမည့် ကျောက်မျက် ရတနာ ကုန်သည်များ အနေဖြင့် ဝယ်ယူသည့် ကျောက်တန်ဖိုး၏ ငါးရာခိုင်နှုန်းကို ကုန်သွယ်ခွန် အဖြစ် ပေးဆောင် ရမည်ဟု ကျောက်မျက် ရတနာ ပြပွဲကျင်းပရေး ကော်မတီက ထုတ်ပြန်ထား ကြောင်း၊ ထိုကဲ့သို့ ထုတ်ပြန်ထားမှု အပေါ် ကျောက်သမား အများစုက မကျေမနပ် ဖြစ်နေကြကြောင်း မန္တလေး ကျောက်ကုန်သည် တစ်ဦးထံမှ သိရသည်။

အဆိုပါ ကုန်သွယ်ခွန် ကောက်ခံမှုကို ကျောက်မျက် ရတနာများ ရောင်းချမှု အပေါ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေနှင့် မြန်မာ့ ကျောက်မျက် ရတနာ ဥပဒေတို့အရ အခွန်အခများ ကောက်ခံမှု ရာခိုင်နှုန်းတွင် ဖော်ပြထားသည်။

ယခင်နှစ်များက ပြုလုပ်ခဲ့သည့် ကျောက်မျက် ရတနာပြပွဲ များတွင် ကုန်သွယ်ခွန် များကို ရောင်းချသည့် ကျောက်မျက်ရတနာ ကုန်သည်များက ၂၈ ရာခိုင်နှုန်း ပေးဆောင် ရသော်လည်း ယခုနှစ်လယ်တွင် ဒုတိယအကြိမ် အဖြစ် ကျင်းပသည့် ကျောက်မျက် ရတနာ ပြပွဲတွင်မူ ရောင်းချသူက ကုန်သွယ်ခွန် ၂၃ ရာခိုင်နှုန်း၊ ဝယ်ယူသူက ကုန်သွယ်ခွန် ငါးရာခိုင်နှုန်း ပေးဆောင် ရတော့မည် ဖြစ်ကြောင်း ကျောက်သမား တစ်ဦးထံမှ သိရသည်။

ကျော်ဝေမင်း

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger