www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 21, 2016

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ခေတ္တနေထိုင်လျက် ရှိသည့် ဒေသခံ မရမာကြီးတိုင်းရင်းသား များ နေရပ်သို့ ပြန်လည်နေထိုင် ၊ တပ်မတော်စစ်ကြောင်းများက ကူညီဆောင်ရွက်


တပ်မတော်သားများက နေရပ်ပြန် တိုင်းရင်းသားများကို ကူညီပြောင်းရွှေ့ပေးစဉ်

တပ်မတော်သားများက နေရပ်ပြန် တိုင်းရင်းသားများကို တပ်မတော်မော်တော်ယာဉ်ဖြင့် 
ကူညီပြောင်းရွှေ့ ပေးစဉ်

ဘူးသီးတောင် ၊ ၂၁-၁၁-၂၀၁၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊  လောင်းတုံကျေးရွာ အုပ်စု၊ ဖော်ကီတောင် ကျေးရွာနေ ရွှေမောင်၊ ၄၇ နှစ် (ဘ) ဦးအောင်ဇော်၊ မရမာကြီး/ ဗုဒ္ဓဘာသာ (ဖော်ကီတောင် စိုက်ပျိုးရေးစခန်း ညစောင့်) သည် နိုဝင်ဘာလ ၁၃ ရက် ညပိုင်းတွင် ဖော်ကီတောင် စိုက်ပျိုးရေးစခန်းမှ ၄င်းနေထိုင်ရာ ဖော်ကီတောင် မရမာကြီး ကျေးရွာသို့ ဇနီးဖြစ်သူ ရွှေမေ၊ ၄ဝ နှစ် (ဘ) တူယာနှင့်အတူ သွားရောက်ခဲ့ရာ ဖော်ကီတောင် ကျေးရွာအနီး ခမ (ဒီယူ- ၃၁၅၃၁ဝ) သို့ရောက်ရှိစဉ် မာမိတ်တူဆောင်း (ပါ) ဘင်္ဂါလီ ရှစ်ဦးတို့မှ လာရောက် ရပ်တန့်စေပြီး ဟာမိတ်တူဆောင်း မှ အသင့် ပါလာသည့် ဓားဖြင့်ခုတ်ရာ ရွှေမောင်၏ ဘယ်ဘက်လည်ကုပ် အရှည် ၃ လက်မခွဲ၊ အနက် လက်မဝက် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ဘယ်နား အောက်ပိုင်း ပြတ်ရှဒဏ်ရာ တစ်ချက် (မစိုးရိမ်ရ) ရရှိခဲ့ပြီး ဇနီးဖြစ်သူမှ ကြိမ်ချောင်း ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ဘင်္ဂါလီ အကြမ်းဖက် သမားများ၏ အကြမ်းဖက်မှုကို စိုးရိမ်၍ ဖော်ကီတောင် ကျေးရွာနေ ဒေသခံ မရမာကြီး တိုင်းရင်းသား အိမ်ထောင်စု ၁၇ စု၊ ကျား ၄၂ ဦး၊ မ ၅၄ ဦး၊ ပေါင်း ၉၆ ဦးသည် နိုဝင်ဘာလ ၁၄ ရက် နံနက်ပိုင်းက နေရပ် စွန့်ခွာပြီး ကြိမ်ချောင်းကျေးရွာ၊ ဘုန်းတော်ကြီး ကျောင်းသို့ သွားရောက်၍ ခေတ္တတိမ်းရှောင် နေထိုင်လျက်ရှိရာ နိုဝင်ဘာလ ၁၈ ရက်က  ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦး စီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ခရီးစဉ်အတွင်း ကြိမ်ချောင်း ဘုန်းတော်ကြီး ကျောင်းသို့ ရောက်ရှိစဉ် အဆိုပါ တိုင်းရင်းသား မရမာကြီး လူမျိုးများအား တွေ့ဆုံ အားပေးစကား ပြောကြားပြီး တိုင်းရင်းသား များ၏ အသက်အိုးအိမ် စည်းစိမ် လုံခြုံရေးအတွက် လုံခြုံရေးဆိုင်ရာများ ညှိနှိုင်း စီစဉ်ဆောင်ရွက် ပေးကာ စားသောက် ဖွယ်ရာများ ပေးအပ်သည်။

ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၏ လုံခြုံရေးဆိုင်ရာ များ ညှိနှိုင်းစီစဉ် ဆောင်ရွက် ပေးမှုကြောင့် အဆိုပါ မရမာကြီး တိုင်းရင်းသား အိမ်ထောင်စု
၁၇ စုသည် နိုဝင်ဘာလ ၁၉ ရက် နေ့လယ်ပိုင်းတွင် နေရပ်သို့ ပြန်လည် အခြေချနေထိုင် ခဲ့ရာ ဖော်ကီတောင် ကျေးရွာသို့ ပြောင်းရွှေ့မှုကို တပ်မတော် စစ်ကြောင်းများက တပ်မတော် မော်တော်ယာဉ် များဖြင့် လိုက်ပါကူညီ ပို့ဆောင်ပေးပြီး တစ်အိမ်ထောင်လျှင် ဆန်တစ်အိတ် နှုန်းဖြင့် စုစုပေါင်း ဆန် ၁၇ အိတ် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger