www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 21, 2016

တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အနယ်နယ်အရပ်ရပ်မှ စေတနာရှင်ပြည်သူများ ပေးပို့လှူဒါန်းသည့် စားသောက်ဖွယ်ရာများ နှင့် အသုံးအဆောင်ပစ္စည်းများ ဘူးသီးတောင်မြို့သို့ ရောက်ရှိ


တပ်မတော်သားများက ဘူးသီးတောင်မြို့ သို့ ပေးပို့လှူဒါန်းသည့် စားသောက်ဖွယ်ရာ များနှင့် 
အသုံးအဆောင် ပစ္စည်းများကို ဆိပ်ကမ်းမှ တစ်ဆင့် မော်တော်ယာဉ်ပေါ်သို့
 ရွှေ့ပြောင်း တင်ဆောင်ပေးစဉ်

နေပြည်တော် ၊ ၂၁-၁၁-၂၀၁၆

ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်နှင့် မောင်တောမြို့နယ် အတွင်း နယ်မြေလုံခြုံရေး တာဝန် ထမ်းဆောင်လျက် ရှိသည့် တပ်မတော်သား၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူ များအတွက် တပ်မတော် (ကြည်း၊ရေ၊လေ) မိသားစုများနှင့် အနယ်နယ် အရပ်ရပ်မှ စေတနာရှင် ပြည်သူများ လှူဒါန်းသည့် စားသောက်ဖွယ်ရာ များနှင့် အသုံးအဆောင် ပစ္စည်းများကို နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းတွင် စစ်တွေမြို့ မှတစ်ဆင့် တပ်မတော် ရေယာဉ်ဖြင့် ဆက်လက် ပို့ဆောင်ပေးရာ ဘူးသီးတောင်မြို့ သို့ ညနေ ၅ နာရီတွင် ရောက်ရှိခဲ့သည်။ 

ဘူးသီးတောင် မြို့နယ်သို့ ရောက်ရှိလာသော အနယ်နယ် အရပ်ရပ်မှ ပေးပို့ လှူဒါန်းသည့် ဆန် ၆၉၈ အိတ်၊ ငါးခြောက် ပိဿာ ၁၂ဝ ၊ ကြက်သွန်နီ ၃၇၅ အိတ် ၊ အာလူး ပိဿာ ၅ဝဝ ၊ ကော်ဖီမစ်ဖာ ၃၁ဝ၊ ငါးသေတ္တာ
၂၂၅၅ ဘူး၊ စားသုံးဆီ၊ အချိုရည် ၊ မုန့်မျိုးစုံ ၊ အဝတ်အထည် များနှင့် အသုံးအဆောင် ပစ္စည်းများကို ဘူးသီးတောင်မြို့ရှိ နယ်မြေခံ တပ်မတော်သား များက ဆိပ်ကမ်းမှ တစ်ဆင့် မော်တော်ယာဉ် များပေါ်သို့ ရွှေ့ပြောင်း တင်ဆောင်၍ သက်ဆိုင်ရာ နေရာများသို့ ပို့ဆောင်ပေးပြီး တပ်မတော် စစ်ကြောင်းများမှ တစ်ဆင့် လုံခြုံရေးတာဝန် ထမ်းဆောင် နေသည့် တပ်မတော်သား များ ၊နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များနှင့် ဒေသခံ ပြည်သူများ ထံသို့ ဆက်လက်ပေးပို့ လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger