www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, November 13, 2016

မောင်တောမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းက နယ်မြေရှင်းလင်းစဉ် အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများနှင့် ထိတွေ့တိုက်ပွဲဖြစ်


အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများထံမှ ပြန်လည်ရရှိခဲ့သည့် သေနတ်နှင့် ခဲယမ်းများကို တွေ့ရစဉ်

နေပြည်တော် ၊ ၁၃-၁၁-၂၀၁၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်များ အတွင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်း များအား အောက်တိုဘာ ၉ ရက် နံနက်ပိုင်းတွင် အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ က ဝင်ရောက်စီးနင်း တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် တပ်မတော် စစ်ကြောင်းများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့များက အဆိုပါ နယ်မြေများအတွင်း အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ ခိုအောင်းနေထိုင်မှု မရှိစေရေးနှင့် နယ်မြေဒေသ လုံခြုံအေးချမ်းရေး အတွက် ရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ နယ်မြေ ရှင်းလင်းခြင်းများ ဆောင်ရွက်စဉ် ယမန်နေ့နံနက် ၆ နာရီ ၄၅ မိနစ်ခန့်၌ မောင်တောမြို့နယ်၊ မယင်းတောင် ကျေးရွာအနီးသို့ အရောက် လက်နက်ငယ်နှင့် ဓား၊ လှံ၊ မှိန်းများ ကိုယ်စီ ကိုင်ဆောင် ထားသည့် အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ စုစုပေါင်း ၆ဝ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ မိမိစစ်ကြောင်း မှ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ များသည် ကျေးရွာ၏ အနောက်တောင် ဘက် ဂွဆုံကျေးရွာ ဘက်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့သည်။

ဖြစ်စဉ်၌ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ များထံမှ အောက်တိုဘာ ၉ ရက်တွင် ကျီးကန်းပြင် နယ်ခြားစောင့် ရဲကွပ်ကဲမှုဌာနချုပ် မှ ယူဆောင်သွားသည့် ဘီအေ ၉၄ သေနတ် တစ်လက်နှင့် ဆက်စပ်ခဲယမ်း ပစ္စည်းများနှင့်အတူ အလောင်း ခြောက်လောင်း ရရှိခဲ့ပြီး စစ်သည်တစ်ဦး တိုင်းပြည်အတွက် အသက်ပေးလှူ ခဲ့ရကာ အရာရှိ၊ စစ်သည်အချို့ ဒဏ်ရာရရှိခဲ့ သည်။ အဆိုပါ စစ်ကြောင်းမှ ဆက်လက် ရှင်းလင်းရာ ယမန်နေ့နံနက် ၁ဝ နာရီခွဲခန့် တွင် ပွင့်ဖြူချောင်း ကျေးရွာသို့ အရောက် ကျေးရွာအတွင်းမှ လက်နက်ငယ် များဖြင့် ပစ်ခတ်သဖြင့် တပ်မတော် စစ်ကြောင်းက ပစ်ခတ်ဝင်ရောက် ရှင်းလင်းရာ အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ များက ပွင့်ဖြူချောင်း ကျေးရွာအား မီးရှို့၍ ဂွဆုံကျေးရွာ ဘက်သို့ ဆုတ်ခွာသွား ခဲ့သည်။ ပွင့်ဖြူချောင်း ကျေးရွာအတွင်းမှ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ များဟု ယူဆရသော ဘင်္ဂါလီ အမျိုးသား ၃၆ ဦးအား ဖမ်းဆီးရရှိခဲ့ပြီး ဥပဒေအရ အရေးယူ နိုင်ရေးအမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ်သို့ ပို့ဆောင်နိုင်ရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

ဂွဆုံကျေးရွာသို့ ဆုတ်ခွာသွားသော အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ များအား ပိတ်ဆို့ ရှင်းလင်းရန် အခြား တပ်မတော် စစ်ကြောင်း တစ်ကြောင်းမှ ချီတက်ရှင်းလင်းရာ ဂွဆုံ ကျေးရွာ အနီးသို့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်  အရောက် လက်နက်ငယ် နှင့် ဓား၊ လှံ၊ မှိန်းများ ကိုယ်စီ ကိုင်ဆောင် ထားသည့် အကြမ်းဖက်စီး နင်းတိုက်ခိုက်သူ ခန့်မှန်း အင်အား ၅ဝဝ ဦးခန့်တို့မှ တပ်မတော် စစ်ကြောင်းအား စတင်၍ ဝိုင်းဝန်းပစ်ခတ် တိုက်ခိုက်ရာ တပ်မတော် စစ်ကြောင်းက အဖွဲ့ခွဲ၍ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ သော်လည်း အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ အင်အားများပြား မှုကြောင့် တပ်မတော်(လေ) မှ အမ်အိုင် ၂ ရဟတ်ယာဉ် နှစ်စင်းဖြင့် ညနေ ၃ နာရီခွဲမှ ၄ နာရီ ၁၅ မိနစ်ခန့်အထိ ပစ်ကူပေး တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ ဂွဆုံကျေးရွာ အတွင်းသို့ ဆုတ်ခွာ ထွက်ပြေးခဲ့သည်။ ကျေးရွာ အတွင်းသို့ ဆုတ်ခွာသွားသော အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ နောက်သို့  တပ်မတော် စစ်ကြောင်းများက ဆက်လက် ဝိုင်းပတ်ပိတ်ဆို့ ရှင်းလင်းလျက် ရှိကြောင်းနှင့် အဆိုပါဖြစ်စဉ် ၌ တပ်မတော်မှ စစ်ကြောင်းမှူး တစ်ဦး တိုင်းပြည်အတွက် အသက်ပေးလှူ ခဲ့ရကြောင်း သိရှိရသည်။


မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger