www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 17, 2016

တက္ကသိုလ် လေ့ကျင့်ရေးတပ်များတွင် စခန်းချသင်တန်းများ ဆက်လက်သင်ကြား လေ့ကျင့်


တက္ကသိုလ်လေ့ကျင့်ရေးတပ် များမှ ကျောင်းသားများ သင်တန်း လေ့ကျင့်မှုကို တွေ့ရစဉ်

၂၀၁၅-၂၀၁၆ ပညာသင်နှစ် ၊ တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ ၊ ဆရာမများ နှင့်
 ကျောင်းသား ကျောင်းသူများ သင်တန်း လေ့ကျင့်နေမှုကို တွေ့ရစဉ်

နေပြည်တော် ။ ၁၇-၁၀-၂၀၁၆

တပ်မတော် အနေဖြင့် နိုင်ငံတော် ကာကွယ်ရေးအတွက် လေ့ကျင့်သား ပြည့်ဝသည့် ကာကွယ်ရေး အရန်အင်အားစုများ တည်ဆောက်နိုင်ရန် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး ၏ တက္ကသိုလ်  လေ့ကျင့်ရေးတပ် များမှ ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်၊ တက္ကသိုလ် လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၄၁၁ ဦး တို့အား ရန်ကုန်တိုင်း ဒေသကြီး တိုက်ကြီးမြို့ နယ်၊ မန္တလေးတိုင်း ဒေသကြီး ရမည်းသင်း မြို့နယ်၊ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လောင်းမြို့နယ် တို့တွင် စခန်းချ လေ့ကျင့်ရေး သင်တန်းများ ဖွင့်လှစ်၍ လေ့ကျင့်သင်ကြား ပေးလျက်ရှိသည်။

ထိုသို့ သင်တန်းများ ဖွင့်လှစ် သင်ကြားပေးလျက် ရှိရာ သင်တန်းကာလ နှစ်ပတ်ပြီးဆုံးခဲ့ပြီး သင်တန်းများ အလိုက် စစ်နည်းဗျူဟာ ဘာသာရပ် ၊ လက်နက်ငယ် ဘာသာရပ်များ၊ ကိုယ်စီ စစ်မြေပြင် ကျွမ်းကျင်မှု ဘာသာရပ်နှင့် စစ်မြေပြင် အင်ဂျင်နီယာ ဘာသာရပ်များ အပြင် ကိုယ်လက်ကြံ့ခိုင်မှု လေ့ကျင့်ခြင်းနှင့် အတားအဆီးများ ဖြတ်ကျော်ခြင်း ကိုပါ လေ့ကျင့်သင်ကြား ပေးနိုင်ခဲ့ကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger