www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 18, 2016

ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ ထွက်ခွာ


ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း 
ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း 
နှင့် တာဝန်ရှိသူ များက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၁၈-၁၀-၂၀၁၆

ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ရုရှား တပ်မတော် ကြည်းတပ် ဦးစီးချုပ် Colonel General Oleg L.Salyukov ၏ ဖိတ်ကြားချက် အရ ရုရှား ဖက်ဒရေးရှင်း နိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်ရန် ယမန်နေ့နံနက် ပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်း ခရီးဖြင့် ထွက်ခွာသည်။

ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း နှင့် တပ်မတော် အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဆိုင်ရာ ရုရှား သံအမတ်ကြီး Mr. Nikolay A.Listopadov ၊ စစ်သံမှူး Colonel Eduard N.Okladnikov ၊ ဒုတိယစစ်သံမှူး Commander Vitaly V.Luchshev နှင့် တာဝန်ရှိသူ များက လေဆိပ်တွင် ပို့ဆောင် နှုတ်ဆက်ကြသည်။

အဆိုပါ ခရီးစဉ်တွင် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တာဝန်ရှိသူများ လိုက်ပါ သွားကြကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger