www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 4, 2016

မြန်မာ့ပျားရည် ပြည်ပ၀ယ်လိုအား မြင့်တက်၍ ပုဂ္ဂလိကပျားမွေးမြူသူ များပြားလာ



စစ်ကိုင်း ၊ ၄-၁၀-၂၀၁၆

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပျားရည်များကို အမေရိကန်နိုင်ငံ အပါအဝင် ပြည်ပနိုင်ငံ များမှ ဝယ်လိုအား မြင့်တက် လာသောကြောင့် ပုဂ္ဂလိက ပျားမွေးမြူသူ များက လုပ်ငန်းများ တိုးချဲ့လာရာ ပျားမွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူ ပေါင်း ၇၅ဝ ခန့် ရှိလာကြောင်း ပျားလုပ်ငန်း ဦးစီးဌာန မှ သိရသည်။

ထို့ပြင် မြန်မာ့ ပျားရည်ကို အမေရိကန်၊ ကနေဒါ၊ တောင်ကိုရီးယား၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ တရုတ်နှင့် ဂျပန်နိုင်ငံ တို့သို့ နှစ်စဉ်တင်ပို့ လျက်ရှိပြီး ဝယ်လိုအား မြင့်တက် လာသည့်အတွက် ပုဂ္ဂလိက မွေးမြူသူ များပြား လာရခြင်း ဖြစ်ကြောင်း သိရသည်။

''သီးနှံစိုက်ခင်း တွေမှာ ပျားမွေးမြူလာ ကြတော့ အထွက်နှုန်း တိုးပြီး ကျေးလက်ဒေသ ရဲ့ ဆင်းရဲမှုကိုပါ လျှော့ချ စေနိုင်တဲ့ အပြင် အလုပ်အကိုင် အခွင့်အလမ်း တွေကိုလည်း ပိုမိုရရှိ စေနိုင်မှာ ဖြစ်ပါတယ်။ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်က အမေရိကန်နဲ့ ကနေဒါနိုင်ငံ တွေက စတင်မှာယူ ကြတာပါ'' ဟု စစ်ကိုင်းတိုင်း ဒေသကြီး ပျားလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပြည်ပနိုင်ငံ များသို့ ပျားရည်တင်ပို့ ရာတွင် ဆီးပျားရည်၊ နေကြာပျားရည် နှင့် ပန်းနှမ်းပျားရည် တို့ကို အဓိက တင်ပို့လျက် ရှိကာ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်မှ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်အထိ သုံးနှစ်တာ ကာလအတွင်း ပြည်တွင်း၌ ပျားရည် မက်ထရစ် တန်ချိန် ၁ဝ၈၇၅ ဒသမ ၈၁ တန် ထုတ်လုပ်ပြီး မက်ထရစ် တန်ချိန် ၈၄၇၁ ဒသမ ၂၄ တန် ပြည်ပသို့ တင်ပို့ခဲ့ရာ အမေရိကန် ဒေါ်လာ ၁ဝ ဒသမ ၃၆၂ သန်း ရရှိခဲ့ကြောင်း သိရသည်။ (နေနေ)

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger