www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, October 1, 2016

တရုတ်ပြည်သူ့သမ္မတနိုင်ငံ မှ စစ်ရေယာဉ်နှစ်စင်း ချစ်ကြည်ရေးခရီး အလည်အပတ် ရောက်ရှိ


တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ရေတပ်မှ စစ်ရေယာဉ်များအား 
တာဝန်ရှိသူများက ရန်ကုန်မြို့ သီလ၀ါဆိပ်ကမ်း MITT ၌ ကြိုဆိုနှုတ်ဆက်ကြစဉ်

နေပြည်တော် ၊ ၁-၁၀-၂၀၁၆

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ရေတပ်မှ RADM Qin Wei, Deputy Director of Political Department, East Sea Fleet, PLA-N ဦးဆောင်သော အရာရှိ / စစ်သည် စုစုပေါင်း ၇၂၈ ဦးလိုက်ပါ လာသည့် စစ်ရေယာဉ် နှစ်စင်းသည် ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်း MITT သို့ ယမန်နေ့ ညနေပိုင်းတွင် ရောက်ရှိလာရာ သန်လျင် တပ်နယ်မှ ဗိုလ်ချုပ် မြင့်ဦးနှင့် တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး၊ စစ်သံမှူး နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက် ကြသည်။

အဆိုပါ စစ်ရေယာဉ် နှစ်စင်းသည် အောက်တိုဘာ ၄ ရက်ထိ ၅ ရက်ကြာ မြန်မာနိုင်ငံ အတွင်းရှိ အထင်ကရ နေရာများအား လေ့လာ လည်ပတ် သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger