www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 12, 2016

လျှပ်စစ်ဓာတ်အား လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရန် ထပ်မံလိုအပ်နေသော လျှပ်စစ်ဓာတ်အား ၄၀၀ မဂ္ဂါဝပ်ကို ဖြည့်ဆည်းနိုင်ရေး ဆောင်ရွက်သွားမည်



ရန်ကုန် ၊ ၁၂-၉-၂၀၁၆

ရန်ကုန်တိုင်း ဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရန် လျှပ်စစ်ဓာတ်အား ၄ဝဝ မဂ္ဂါဝပ်ခန့် ထပ်မံ လိုအပ်လျက်ရှိပြီး အဆိုပါ လိုအပ်ချက်များ ကို ဖြည့်ဆည်းပေး နိုင်ရေးအတွက် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေး ကော်ပိုရေးရှင်းနှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့တို့ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ် နွေရာသီတွင် အယ်လ်နီညို ဖြစ်စဉ်ကြောင့် လျှပ်စစ်ဓာတ်အား သုံးစွဲမှု စံချိန်တင်မြင့်တက် ခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး ၌ တစ်ရက်လျှင် ၁၂၅ဝ မဂ္ဂါဝပ်ကျော် သုံးစွဲခဲ့သဖြင့် လာမည့်နှစ် နွေရာသီတွင်လည်း လျှပ်စစ်ဓာတ်အား လိုအပ်ချက် ၃ဝဝ မဂ္ဂါဝပ်အတွက် လျှပ်စစ်ဓာတ်အားပေး စက်ရုံ တည်ဆောက်ရန် ပုဂ္ဂလိက ကုမ္ပဏီကို ရွေးချယ်လျက် ရှိကြောင်း သိရသည်။

တင်ဒါ အောင်မြင်သော ကုမ္ပဏီအနေဖြင့် ဆီ နှင့် ဂက်စ် နှစ်မျိုးသုံး အင်ဂျင်စက် အသစ်ဖြင့် သန်လျင်နှင့် သာကေတ မြို့နယ်တို့ရှိ ၂၃ဝ ကေဗွီ မဟာဓာတ်အားလိုင်း သို့မဟုတ် အလုံ နှင့် လှိုင်သာယာမြို့နယ် တို့ရှိ ၂၃ဝ ကေဗွီ မဟာဓာတ်အားလိုင်း အနီး မြေနေရာများ ရှာဖွေပြီး စက်ရုံတည်ဆောက် မည်ဖြစ်ကြောင်း သိရသည်။ 

လာမည့်နှစ်တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရေးအတွက် ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းများ ပြင်ဆင် ဆောင်ရွက်ရန် ငွေကျပ် သန်းပေါင်း ၁၇ဝဝဝ ကျော် သုံးစွဲသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ပေးရေး ကော်ပိုရေးရှင်း မှ သိရသည်။

အဆိုပါ ငွေပမာဏကို ဓာတ်အားခွဲရုံများ တည်ဆောက်ခြင်း၊ ထရန်စဖော်မာများ တပ်ဆင်ချထားခြင်း၊ ကောင်းကင် ဓာတ်အားလိုင်းများ တပ်ဆင်ခြင်း၊ မြေအောက် ဓာတ်အားလိုင်းများ တပ်ဆင်ခြင်းနှင့် ပြုပြင် ထိန်းသိမ်းခြင်း လုပ်ငန်းများတွင် အသုံးပြုမည် ဖြစ်ကြောင်း၊ ဧပြီလကစ၍ ဓာတ်အား ဖြန့်ဖြူးရေးနှင့် ပတ်သက်ပြီး ပြုပြင်ပြောင်းလဲ ရေးများ ဆောင်ရွက်ခဲ့ရာ လေးလအတွင်း ထရန်စဖော်မာ ၁၈၆ လုံး တည်ဆောက်ခဲ့ပြီး ကောင်းကင် ဓာတ်အားလိုင်း သုံးမျိုး သွယ်တန်း ခဲ့ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger