www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, September 14, 2016

၂၀၁၆ ခုနှစ် နှစ်ကုန်အထိ မြိုင်မြို့နယ် ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းမှ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် ၁၅၀၀ ကျော် လာရောက်နိုင်မည်ဟု ခန့်မှန်း



မြိုင် ၊ ၁၄-၉-၂၀၁၆

၂ဝ၁၆ ခုနှစ် နှစ်ကုန်အထိ မကွေးတိုင်း ဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ်၌ ရပ်ရွာလူထု အခြေပြု ခရီးသွား လုပ်ငန်းမှ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် ၁၅ဝဝ ကျော် လာရောက် နိုင်မည်ဟု ခန့်မှန်း ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန မှ သိရသည်။

ရပ်ရွာလူထု အခြေပြု ခရီးသွားလုပ်ငန်း စတင် ဆောင်ရွက်သည့် အချိန်မှစ၍ ယနေ့အထိ မြိုင်မြို့နယ်သို့ ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည် ၂ဝဝ နီးပါး လာရောက် လည်ပတ်ခဲ့ပြီး ဖြစ်၍ ယင်းလုပ်ငန်းမှ ရရှိသည့် ဝင်ငွေများကို ကျေးရွာ အကျိုးပြုလုပ်ငန်း များတွင် ပြန်လည် အသုံးပြု သွားမည်ဖြစ်ကြောင်း၊ ဒေသခံ လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရန် ဖော်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

''ဒီဒေသမှာ ခရီးသွား ဧည့်သည်တွေ လာရောက် လည်ပတ်တဲ့နှုန်း မြင့်တက်လာ ပါတယ်။ အများဆုံး ကတော့ ဂျပန်၊ ဗီယက်နမ်နဲ့ အီတလီနိုင်ငံ တွေက ပိုများပါတယ်'' ဟု ပြည်တွင်းပြည်ပ ခရီးသွား ကုမ္ပဏီ မန်နေဂျာ ကိုသစ်နေစိုး က ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်းသည် ၂ဝ၁၅ ခုနှစ်က ခရီးသွား ဧည့်သည် ၄ ဒသမ ၆၈ သန်း ဝင်ရောက်ခဲ့ပြီး တိုးတက်မှုမှာ ၅၂ ရာခိုင်နှုန်းခန့် ရှိကြောင်း၊ ယင်းသို့ တိုးတက် လာသည်နှင့် အတူ ရပ်ရွာလူထု အခြေပြု ခရီးသွား လုပ်ငန်းကိုလည်း တစ်ဖက် တစ်လမ်းမှ အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်ရန် လိုအပ်ကြောင်း သိရသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် ရေးဆွဲခဲ့ပြီးသော ခရီးသွားလုပ်ငန်း ပင်မစီမံကိန်း ပါ မဟာဗျူဟာ ခြောက်ချက်ပေါ် အခြေခံ၍ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းကို ဆောင်ရွက် နိုင်ခြင်းဖြင့် ရပ်ရွာဒေသ
ဖွံ့ဖြိုးတိုးတက် လာနိုင်ခြင်း၊ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိလာနိုင်ခြင်း၊ မိမိတို့ဒေသ ရိုးရာယဉ်ကျေးမှု များကို သိရှိနိုင်ခြင်း အပြင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း တိုးတက်မှုကို တစ်စိတ် တစ်ဒေသအထောက်အကူ ပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ရပ်ရွာလူထု အခြေပြုခရီးသွား လုပ်ငန်းကို ကယားပြည်နယ်၊ ရှမ်းပြည်နယ် နှင့် တခြား သင့်လျော်သော ဒေသများ၌ ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ (ဇာဏီ)

မြ၀တီနေ့စဉ် ၊ စာ(၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger