www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 12, 2016

စင်တာနှင့် ပြခန်းများရှိ ဖျက်သိမ်းစာရင်းဝင် ယာဉ်များကို မူလနိုင်ငံသို့ ပြန်ပို့မည်



ရန်ကုန် ၊ ၁၂-၉-၂၀၁၆

Consignment စနစ်ဖြင့် ပြည်တွင်းသို့ တင်သွင်းလာသော မော်ဒယ်နိမ့်ယာဉ် များမှာ ၂ဝ၁၇ ခုနှစ်တွင် ဖျက်သိမ်းမည့် စာရင်း၌ ပါဝင်နေခြင်းကြောင့် ရန်ကုန်မြို့ရှိ မော်တော်ယာဉ် အရောင်းစင်တာ နှင့် ပြခန်းများတွင် ရှိသော  အဆိုပါယာဉ် များကို ယခုနှစ်ကုန် ပိုင်းတွင် မူလနိုင်ငံများသို့ ပြန်လည် ပေးပို့မည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

''မော်ဒယ်နိမ့်ပြီး ဖျက်သိမ်းစာရင်း ဝင်သွားတဲ့ ကားတွေကို မူလနိုင်ငံ ပြန်မပို့ဘဲ ပြည်ပက အသစ်ရောက်လာမယ့် ကားတွေနဲ့ ပေါင်းထားလိုက်မယ် ဆိုရင် ပြည်တွင်းမှာ ကားအရေ အတွက် အရမ်းများ သွားမှာပါ။ ကားတွေ ထားဖို့နေရာလည်း အရမ်းကို ခက်ခဲသွားမှာ ပါ။ ဒါကြောင့် ပညာရှင်တွေနဲ့ သေသေချာချာ တိုင်ပင်ဆွေးနွေး ပြီးမှ မူလနိုင်ငံကို ပြန်ပို့မယ့် အစီအစဉ် အကောင်အထည် ဖော်လိုက်တာပါ'' ဟု ၄င်းက ပြောသည်။

ယခုနှစ် နှစ်ကုန်ပိုင်းတွင် တင်သွင်းထားသည့် မူလနိုင်ငံသို့ ပြန်ပို့မည့်ယာဉ် များမှာ ၂ဝဝ၃၊ ၂ဝဝ၄၊ ၂ဝဝ၅ မော်ဒယ်များ ဖြစ်ပြီး အစီးရေ သုံးထောင်ထက် မနည်းရှိကြောင်း သိရသည်။

ယခုနှစ်တွင် ဖျက်သိမ်းစာရင်းဝင် သွားသောယာဉ်များကို မူလနိုင်ငံများသို့ ပြန်လည် ပို့ဆောင်သည့် အရေအတွက်မှာ ပြီးခဲ့သည့် နှစ်ထက်စာလျှင် သိသိသာသာ လျော့ကျသွား ခဲ့ကြောင်း သိရသည်။

မင်းသော်တာလွင်

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger