www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 10, 2016

လမ်းကြောင်းလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်း နှင့် ရဲတပ်ဖွဲ့ဝင်များ လိုက်ပါစီးနင်းလာသည့် ယာဉ်တန်းအား KIA လက်နက်ကိုင် အဖွဲ့မှ ရီမုမိုင်းများဖြင့် ချောင်းမြောင်းဖောက်ခွဲ တိုက်ခိုက်မှုဖြစ်ပွား


KIA လက်နက်ကိုင် အဖွဲ့မှ သိမ်းဆည်းရမိ ယမ်းကြိုးခွေ နှင့် လျှပ်စစ်စနစ်တံ များကို တွေ့ရစဉ်

နေပြည်တော် ၊ ၁၀-၈-၂၀၁၆

ကချင်ပြည်နယ်၊ ကာမိုင်းမြို့နယ်ခွဲ အတွင်းရှိ ကာမိုင်းမြို့နှင့် ဂေါ်ရီကျေးရွာ အကြား လမ်းကြောင်း လုံခြုံရေး ဆောင်ရွက်လျက် ရှိသည့် တပ်မတော် စစ်ကြောင်းအား သြဂုတ် ၈ ရက် နံနက် ၉နာရီခွဲ ခန့်တွင် KIA လက်နက်ကိုင် အဖွဲ့မှ အင်အား ၆ဝ ဦးခန့်က ရီမုမိုင်း တစ်လုံး ဖောက်ခွဲ၍ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် အင်အားသုံး ချောင်းမြောင်း ပစ်ခတ် တိုက်ခိုက်ရာ တပ်မတော် စစ်ကြောင်းက ပြန်လည် ပစ်ခတ်တိုက်ခိုက် သဖြင့် အရှေ့ဘက် သို့ ဆုတ်ခွာ သွားခဲ့သည်။

အလားတူ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် ရဲတပ်ဖွဲ့ဝင်များ စီးနင်း လိုက်ပါလာသည့် ယာဉ်တန်းအား ဂေါ်ရီကျေးရွာနှင့် နန့်ဟိုင်ကျေးရွာ အကြား KIA လက်နက်ကိုင် အဖွဲ့မှ အင်အား ၁ဝ ဦးခန့်က လက်နက်ငယ် များဖြင့် ချောင်းမြောင်း ပစ်ခတ်တိုက်ခိုက် ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် များမှ ပြန်လည်ပစ်ခတ် တိုက်ခိုက်စဉ် KIA လက်နက်ကိုင် အဖွဲ့က ရီမုမိုင်း တစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက် ခဲ့ပြီး တပ်မတော် စစ်ကြောင်းများက အဆိုပါ နေရာအား ဝိုင်းပတ်ပိတ်ဆို့ ရှင်းလင်းစဉ် အနောက်ဘက် သို့ ဆုတ်ခွာသွား ခဲ့သည်။

ဖြစ်စဉ်ဖြစ်ပွားသည့် နေရာအား တပ်မတော် စစ်ကြောင်းက လိုက်လံ နယ်မြေရှင်းလင်းစဉ် KIA လက်နက်ကိုင် အဖွဲ့ဝင် နှစ်ဦး၏ အလောင်း နှစ်လောင်းနှင့် အတူ ယမ်းကြိုးခွေ နှစ်ခွေ၊ လျှပ်စစ်စနက်တံ ၃၅ ချောင်းတို့အား သိမ်းဆည်း ရမိခဲ့သည်။

ဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင် ငါးဦး နှင့် ယာဉ်မောင်း တစ်ဦး စုစုပေါင်း ခြောက်ဦး ထိခိုက်ဒဏ်ရာများ အသီးသီး ရရှိခဲ့ပြီး အဆိုပါထိခိုက် ဒဏ်ရာရရှိသူ များအား မိုးကောင်း ဆေးရုံသို့ ပို့ဆောင် ကုသလျက် ရှိသည်။

အလားတူ မွန်းလွဲ ၂ နာရီခွဲတွင် ရဲတပ်ဖွဲ့ဝင်များ စီးနင်း လိုက်ပါသည့် ယာဉ်တန်းသည် ကာမိုင်းမြို့ အဝင်သို့ အရောက် KIA လက်နက်ကိုင် အဖွဲ့မှ ထောင်ထားသည့် ရီမုမိုင်းတစ်လုံး ပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင် တစ်ဦး မိုင်းစထိမှန် ဒဏ်ရာရရှိ ခဲ့သဖြင့် ကာမိုင်း ပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ကုသမှု ခံယူစေလျက် ရှိသည်။

အဆိုပါဖြစ်စဉ်များ ဖြစ်ပွားသည့် နယ်မြေအတွင်း တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်း ခြင်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၉)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger