www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 22, 2016

အင်ဒိုနီးရှား-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး ယဉ်ကျေးမှုပဒေသာကပွဲ ကျင်းပ



ရန်ကုန် ၊ ၂၂-၈-၂၀၁၆

အင်ဒိုနီးရှား-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး အဖြစ် ပူးပေါင်းဖျော်ဖြေ တင်ဆက်သည့် ယဉ်ကျေးမှု ပဒေသာကပွဲ (Indonesia- Myanmar Joint Cultural Show 2016) ကို ယrefနေ့ညနေ ၃ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့နယ်ရှိ အမျိုးသား ဇာတ်ရုံ ၌ ကျင်းပသည်။

အဆိုပါကပွဲသို့ မြန်မာနိုင်ငံ ဆိုင်ရာ အင်ဒိုနီးရှား သံအမတ်ကြီး H.E.Dr. Lto Sumardi ၊ အမျိုးသားယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ် မှ ပါမောက္ခချုပ် ဦးအောင်နိုင်မြင့် တို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ဖျော်ဖြေပွဲတွင် နှစ်နိုင်ငံမှ ယဉ်ကျေးမှု အကအလှများဖြင့် ဖျော်ဖြေ တင်ဆက်ရာ အင်ဒိုနီးရှားနိုင်ငံ က Legong Bali Dance အဖွဲ့က အင်ဒိုနီးရှားနိုင်ငံ ရိုးရာ ဘာလီကျွန်း အက ၊ ပန်းကမ္ဘာအက ဖြင့်လည်းကောင်း Indonesian International School Yangon (IISY) မှ ကျောင်းသား၊ ကျောင်းသူလေး များ၏ အင်ဒိုနီးရှားနိုင်ငံ ရိုးရာ ဝါးတူရိယာများဖြင့် သံစုံဖျော်ဖြေခြင်း၊ အင်ဒိုနီးရှားနိုင်ငံ ရိုးရာ ရာမာယဏ အပိုင်းအစများ ဟု အမည်ရသည့် ရာမာယဏ ဇာတ်တော်တို့ကို တင်ဆက်ကပြ ခဲ့ကြသည်။

မြန်မာနိုင်ငံက အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ၏ ပျူ၊ ပုဂံ၊ အင်းဝ၊ ကုန်းဘောင်နှင့် မျက်မှောက်ခေတ် တို့ပါဝင်သည့် ခေတ်ငါးခေတ် အကနှင့် ပန်းကုံးကြိုးဆွဲ ရုပ်သေးအက၊ ခြင်းလုံးကြိုးဆွဲ ရုပ်သေးအက တို့ဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြောင်း သိရသည်။

နေကိုထိုက်

မြ၀တီနေ့စဉ် ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger