www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 4, 2016

အထည်အလိပ် နှင့် အ၀တ်အထည် ဆိုင်ရာ အထူးဇုန်များ တည်ထောင်နိုင်ရန် ကြိုးပမ်းမည်



ရန်ကုန် ၊ ၄-၈-၂၀၁၆

အထည်အလိပ် ကုန်ချောများ တစ်နေရာတည်းတွင် စုဝေး၍ ထုတ်လုပ်နိုင်သည့် အထည်အလိပ် နှင့် အဝတ်အထည်ဆိုင်ရာ အထူးဇုန်များ တည်ထောင်နိုင်ရန် ကြိုးပမ်း သွားမည် ဖြစ်ကြောင်း သိရသည်။

ထုတ်ကုန်များ သုံးစွဲရာတွင် နိုင်ငံတကာ စံညွှန်း သတ်မှတ်ချက်နှင့် အညီ ထုတ်လုပ်နိုင်ရေး အတွက် အစီအစဉ်များ ချမှတ်ခြင်းနှင့် အသိအမှတ်ပြု လက်မှတ် ထုတ်ပေးခြင်းဖြင့် နိုင်ငံတကာ ဈေးကွက်ဝင် စေရန် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

ပြည်ပမှ ရင်းနှီးမြှုပ်နှံသူ များ စက်မှုကဏ္ဍတွင် စိတ်ဝင်တစား ရင်းနှီးလာ စေရန် ဖိတ်ခေါ်ခြင်း၊ လိုအပ်သော ကုန်ကြမ်းများ စက်နှင့် စက်ပစ္စည်းများ တင်သွင်းခြင်း လုပ်ငန်းများ၊ ထုတ်ကုန်များ၏ အရည်အသွေး စစ်ဆေးနိုင်မည့် International Textile Laboratory တည်ထောင်ခြင်းတို့ ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း၌ အသင်းဝင် လုပ်ငန်း ကုမ္ပဏီပေါင်း ၃၈ဝ ရှိနေပြီး ၃ဝဝ နီးပါးမှာ ပြည်ပဈေးကွက် အသီးသီးသို့ အထည်များ ချုပ်လုပ်တင်ပို့ ပေးလျက် ရှိသည်။

ရန်ကုန်တိုင်း ဒေသကြီး အတွင်း၌ စက်မှုဇုန်ပေါင်း ၂၉ ခုနှင့် စက်ရုံ၊ အလုပ်ရုံပေါင်း ၄ဝဝဝ ကျော်ရှိနေပြီး အလုပ်သမား ဦးရေ သုံးသိန်းကျော် ရှိရာ အထည်ချုပ် ဝန်ထမ်း အလုပ်သမား ဦးရေမှာ ပိုမိုများပြား နေကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံ အတွင်းရှိ အထည်ချုပ် လုပ်ငန်းများမှ ၂ဝ၁၆ -၂ဝ၁၇ ဘဏ္ဍာနှစ် အတွက် မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်း ပြည်ပ တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၂ ဘီလီယံ ရရှိရန် မျှော်မှန်း ထားကြောင်း သိရသည်။ 

သို့သော် ယခု မျှော်မှန်းထားသည့် အမေရိကန် ဒေါ်လာ ၂ ဘီလီယံသည် ယခင်နှစ် ၂ဝ ကျော် ကာလအတွင်း ဝင်ငွေနှင့် နှိုင်းယှဉ်ပါက နည်းပါး နေသေးကြောင်း သိရသည်။

'' ၂ဝဝဝ ပြည့်နှစ်ခန့် က မြန်မာ့ အထည်ချုပ်ရဲ့ တစ်ဝက်ကျော် ကို အမေရိကန်သို့ တင်ပို့ခဲ့ပြီး မြန်မာ့အထည် ပို့ကုန် ၄ဝ ရာခိုင်နှုန်းက ဥရောပနိုင်ငံ တွေကို တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ စီးပွားရေး ပိတ်ဆို့မှု တွေကြောင့် အထည်ပို့ကုန် တွေက ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံဘက်ကို ဦးတည်ခဲ့ ပါတယ်'' ဟု အထည်ချုပ် လုပ်ငန်းရှင် ဦးဘုန်းနိုင် က ပြောသည်။ (ဇာဏီ)

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger