www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 8, 2016

ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများ မျှတစွာရရှိရေး တာဝန်ရှိသူများနှင့် ဆက်သွယ်ဆောင်ရွက်ရန် လိုအပ်



မန္တလေး ၊ ၈-၈-၂၀၁၆

မန္တလေးတိုင်း ဒေသကြီး အတွင်း ဧရာဝတီမြစ်ရေ နှင့် ဒုဋ္ဌဝတီမြစ်ရေ ကြီးမှုကြောင့် ရေကြီးနစ်မြုပ်ခဲ့ ရသည့် ရပ် ကွက်၊ ကျေးရွာများရှိ ရေဘေးသင့် ပြည်သူများကို ထောက်ပံ့ရေး ပစ္စည်းများအား နိုင်ငံတော် အစိုးရနှင့် လူမှုရေး အသင်းအဖွဲ့ များနှင့် အလှူရှင်များမှ လှူဒါန်း ဆောင်ရွက်လျက် ရှိရာ ရေကြီးနစ်မြုပ်ခဲ့သည့် ရေဘေးသင့် ကျေးရွာများ မျှတစွာ ရရှိရေးအတွက် သက်ဆိုင်ရာ မြို့နယ် သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့နှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာနတို့ ထံမှ သတင်း အချက်အလက် ရယူကာ ဆက်သွယ် လှူဒါန်း ထောက်ပံ့ရန် လိုအပ်ကြောင်း ယမန်နေ့တွင် တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးတွင် ကျင်းပခဲ့သည် တိုင်းဒေသကြီး သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့၏ (၂/၂ဝ၁၆) အစည်းအဝေး တင်ပြချက် များအရ သိရသည်။

မန္တလေးတိုင်း ဒေသကြီးတွင် ရေကြီးနစ်မြုပ် ခဲ့သော ကျေးရွာများမှ ရေဘေးပြောင်းရွှေ့ ခဲ့သည့် ကျေးရွာများမှာ ယမန်နေ့အထိ ၁၄၁ ရွာ ၊ လူဦးရေ ၈၁၀၀၀ ကျော်ရှိခဲ့ရာ အလှူရှင်များ၊ လူမှုရေး အသင်းအဖွဲ့ များနှင့် ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာန တို့မှ ထောက်ပံ့ လှူဒါန်းမှုများ ဆောင်ရွက် နေကြပြီး ရေကြီးနစ်မြုပ် ခဲ့သည့် ကျေးရွာများမှ အချို့ကျေးရွာ များ၌ ထောက်ပံ့ရေး ပစ္စည်းများ ၊ အလှူရှင်များ ထပ်လျက်ရှိပြီး အချို့ကျေးရွာ များ၌ ထောက်ပံ့ရေး ပစ္စည်းများ မရောက်ရှိ ခြင်းများ ဖြစ်ပေါ်လျက် ရှိကြောင်း သိရသည်။

မန္တလေးတိုင်း ဒေသကြီးအတွင်း ရေကြီးနစ်မြုပ် ခဲ့သည့် ကျေးရွာများကို ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာနမှ ဆန်၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက် ထောက်ပံ့ ပေးလျက်ရှိရာ ယမန်နေ့ထိ တံတားဦး မြို့နယ်တွင် အိမ်ထောင်စု ၃၄၄ စု၊အမရပူမြို့နယ် တွင် အိမ်ထောင်စု ၃၃၆၇ စု၊ စဥ့်ကူးမြို့နယ် တွင် အိမ်ထောင်စု ၄၅ စု ၊ စဥ့်ကိုင်မြို့နယ် တွင် အိမ်ထောင်စု ၄၀၀ စု ၊ ပုသိမ်ကြီးမြို့နယ် တွင် အိမ်ထောင်စု ၃၉၁ စု၊ မြင်းခြံမြို့နယ် တွင် ၂၂၁၇ စု၊ ငါန်းဇွန်မြို့နယ် တွင် ၁ဝ၄ စု၊ ပြည်ကြီးတံခွန် မြို့နယ်တွင် ၆၄၃ စု ၊ အောင်သာ မြို့နယ်တွင် ၄၉ဝ စု ၊ ညောင်ဦးမြို့နယ် တွင် ၁ဝ၉၈ စု ပံ့ပိုးပေး ထားကြောင်း သိရသည်။

ထောက်ပံ့ရေး ပစ္စည်းများ ဆက်လက် ထောက်ပံ့ရန် စဥ့်ကိုင်မြို့နယ် တွင် အိမ်ထောင်စု ၈၇၁ စု၊ ပုသိမ်ကြီးမြို့နယ် တွင် အိမ်ထောင်စု ၄၅ဝ၁ စု၊ မြင်းခြံ မြို့နယ်တွင် ၆၅၂ စု၊ ပြည်ကြီးတံခွန် မြို့နယ်တွင် ၉၂ဝ စု၊ တောင်သာမြို့ နယ်တွင် ၁ဝ၄ဝ စု၊သပိတ်ကျင်း မြို့နယ်တွင် ၇၁၉ စု ၊ မတ္တရာမြို့နယ် တွင် ၁၂၇ စုနှင့် ညောင်ဦး မြို့နယ်တွင် ၁၂၂၅ စု ကျန်ရှိနေသေး ကြောင်း သိရသည်။

ရေဘေးသင့် ပြည်သူများအား လှူဒါန်းရန် အတွက် စေတနာရှင်၊ အလှူရှင် နှင့် အသင်းအဖွဲ့ များမှ ဆက်သွယ် ဆောင်ရွက် လာပါက တိုင်းဒေသကြီး ကယ်ဆယ်ရေး နှင့်ပြန်လည် နေရာချထားရေး ဦးစီးဌာနနှင့် မြို့နယ် သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု အဖွဲ့များမှ သတင်း အချက်အလက် များနှင့် ကူညီ ဆောင်ရွက်မှုများ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းနိုင်

ရတနာပုံနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger