www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, July 24, 2016

ဆောက်လုပ်ဆဲ အထပ်မြင့် အဆောက်အအုံများ ပြန်လည်ဖျက်သိမ်းရန် အခက်အခဲများရှိနေ



ရန်ကုန် ၊ ၂၄-၇-၂၀၁၆

ဒီဇိုင်းများ ပြန်လည် ပြင်ဆင်ရန်နှင့် အထပ်မြင့်များ လျှော့ချရန် ညွှန်ကြားခံ ရသည့် အဆောက်အအုံ များအား တိကျသည့် ညွှန်ကြားချက်များ မထုတ်ပြန် သေးသောကြောင့် လက်ရှိ ဆောက်လုပ်ဆဲ အထပ်မြင့် အဆောက်အအုံ များ ပြန်လည် ဖျက်သိမ်းရန် အခက်အခဲများ ရှိနေကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင် များထံမှ သိရသည်။

လက်ရှိ အထပ်မြင့် လျှော့ချရန် ညွှန်ကြားခံ ရသည့် ကုမ္ပဏီ ၁၂ ခုအနက် ဆောက်လုပ်ရေး ကုမ္ပဏီ ရှစ်ခုရှိ ဆောက်လုပ်ဆဲ အထပ်မြင့် အဆောက်အအုံ များမှာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ အထပ်မြင့် မည်မျှအမြင့် လျှော့ချရမည် ဆိုသည့် ညွှန်ကြားချက် ထက် ပိုနေသည့် အဆောက်အအုံ များနှင့် ပတ်သက်၍ တိကျစွာ ညွှန်ကြားချက် ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။

''အခု ဆောက်လုပ်ပြီး တာက ၁ဝ ထပ်ပါ။ ဒါပေမဲ့ သူတို့ကတော့ ပြီးတဲ့နေရာ ကနေရပ်ဆိုင်း ထားဖို့ ပြောပါတယ်။ ဆောက်လုပ်ပြီးစီး သွားတဲ့ အထပ်မြင့်ထဲမှာ ရှစ်ထပ်ပဲ ဆောက်လုပ်ဖို့ ညွှန်ကြားခံရ ပါတယ်။ ဒါပေမဲ့ သူတို့တွေ ပြန်လည် သတ်မှတ်ပေး ထားတဲ့ အထပ်မြင့် ရှစ်ထပ်ပဲ ဆောက်လုပ်ဖို့ ညွှန်ကြားထား ပေမယ့် ပိုနေတဲ့ အထပ်တွေကို ဘယ်လို ဆောင်ရွက်ရမယ် ဆိုတာ တိတိကျကျ မသိရသေးဘူး။'' ဟု KSB ဆောက်လုပ်ရေး ကုမ္ပဏီ မန်နေးဂျင်း ဒါရိုက်တာ ဦးဘိုဆန်း က ပြောသည်။

လက်ရှိတွင် အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ရေး စီမံကိန်းများ ယာယီ ရပ်ဆိုင်းရန် ညွှန်ကြားခံရသည့် အထပ်မြင့် အဆောက်အအုံ များအား ဆောက်လုပ်မည့် အထပ်မြင့် ပေါ် မူတည်ကာ အထပ်မြင့် ၃ ထပ်မှ ၁၂ ထပ်ထိ လျှော့ချရန် ညွှန်ကြားခံ ရကြောင်း သိရသည်။

အဆိုပါ ဒီဇိုင်းပြန်လည် ပြင်ဆင်ရန်နှင့် အထပ်မြင့် လျှော့ချရန် ညွှန်ကြားခံ ရခြင်းကြောင့် လက်ရှိ ဆောက်လုပ်ခွင့် ယာယီရပ်ဆိုင်း ခံရသည့် အထပ်မြင့် အဆောက်အအုံ များ၏ ဆုံးရှုံးနစ်နာမှု စုစုပေါင်း အမေရိကန် ဒေါ်လာ ခြောက်ဘီလီယံ ခန့် ရှိကြောင်း သိရသည်။

လက်ရှိ ဆောက်လုပ်ဆဲ အထပ်မြင့် အဆောက်အအုံ ၁၈၅ လုံးတွင် ကနဦး စစ်ဆေးမှု အနေဖြင့် အထပ်မြင့် အဆောက်အအုံ ၆၄ လုံး စစ်ဆေးခဲ့ပြီး အဆိုပါ အထပ်မြင့် အဆောက်အအုံ ၆၄ လုံးထဲမှ အထပ်မြင့် ၁၂ လုံးအား ဒီဇိုင်း ပြင်ဆင်ရန် နှင့် အထပ်မြင့် လျှော့ချရန် ညွှန်ကြားခံ ရကြောင်း သိရသည်။ (အမ်အမ်ကေ)

မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger