www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, July 4, 2016

မြန်မာတစ်နိုင်ငံလုံး၌ ကင်းထောက်အင်အား ၂၀၀၀၀ ကျော်ရှိလာသည်အထိ ဆောင်ရွက်သွားမည်


ရန်ကုန် ၊ ၄-၇-၂၀၁၆

မြန်မာ တစ်နိုင်ငံလုံး၌ ကင်းထောက် အင်အား ၂ဝဝဝဝ ကျော် ရှိလာသည် အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကင်းထောက် သင်တန်း ကြီးကြပ်မှု ကော်မတီမှ သိရသည်။

''ကင်းထောက်ရုံး က အလုံမြို့နယ် အ-ထ-က(၄) မှာရှိပါတယ်။ လောလောဆယ် ၇၈ ကျောင်းမှာ ကင်းထောက် ၉ဝဝဝ ကျော်ရှိတယ်။ ၂ဝဝဝဝ ကျော် ဖြစ်လာဖို့ ရည်မှန်း ထားပါတယ်။ မည်သည့် အသက်အရွယ် မဆို ခြောက်တန်း အထက်ဆိုရင် သူတို့ ဆန္ဒအရ ရွေးချယ် သင်တန်းပေး သွားရမှာ ဖြစ်ပါတယ်။ ကျောင်းအသီးသီး က တိုးချဲ့ ဆောင်ရွက်နိုင်ဖို့ အတွက် ဖွဲ့စည်းပြီး ၇၈ ကျောင်း သာမက ဖွဲ့စည်းချင် လို့ ဆန္ဒပြုလာတဲ့ ကျောင်းအလိုက် ဒီနှစ် ဒီဇင်ဘာလမှာ နောက်ထပ် တိုးချဲ့မယ့် ကျောင်းတွေမှာ သင်တန်းပေး ပါမယ်။ အာရှ-ပစိဖိတ် ဒေသက ကင်းထောက် အဖွဲ့ ကလာပြီး သင်တန်းပေးမယ့် ကိစ္စတွေ ဆွေးနွေးပါမယ်။ ကျောင်းတွေကို ကင်းထောက် ဦးရေ ဘယ်လောက်လို့ မသတ်မှတ် ထားပါဘူး''ဟု ကင်းထောက် သင်တန်း ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဒေါက်တာ တင်ညို က ပြောသည်။

ထိုသို့ အခြေခံပညာ ကျောင်းများ၌ ပြန်လည်စတင် လုပ်ဆောင် နေသည့် ကင်းထောက် လုပ်ငန်းစဉ်များ ထဲတွင် ကင်းထောက် အမျိုးအစား အလိုက် အဆင့် သတ်မှတ်ချက် များရှိပြီး အသက်အရွယ် ကိုလိုက်၍ ကင်းထောက် လုပ်ငန်းများကို အဆင့်အတန်း အမျိုးမျိုး ဖွဲ့စည်းထားရာ အသက် ခုနစ်နှစ်မှ ၁၁ နှစ် မူလတန်း အဆင့်တွင် ဝံပုလွေငယ် အဆင့်၊ အသက် ၁၂ နှစ်မှ အသက် ၁၅ နှစ်အထိ အလယ်တန်း၊ အထက်တန်း အဆင့် ၌ ကင်းထောက် အဆင့်အဖြစ် သတ်မှတ်ထား ခဲ့ပြီး ထို့အတူ အသက် ခုနစ်နှစ်မှ ၁၁ နှစ်အထိ မူလတန်းတွင် ငှက်ပြာ ကင်းထောက် အဆင့်၊ အသက် ၁၂ နှစ်မှ ၁၅ နှစ်အထိ အလယ်တန်း၊ အထက်တန်း အဆင့်တွင် အမျိုးသမီး ကင်းထောက် အဆင့်၊ အသက် ၁၅ နှစ် အထက်ရှိ အထက်တန်း အဆင့်တွင် Rover (လှည့်လည်သူ) ကင်းထောက် အဆင့်ဟူ၍ သတ်မှတ် ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ အမျိုးသမီး ကင်းထောက် အဖွဲ့ကို ၁၉၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ကင်းထောက် လူငယ် အဖွဲ့အဆင့်ဆင့်ကို ၁၉၂ဝ ပြည့်နှစ်မှ စတင်ဖွဲ့စည်း ခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးတိုင်း ဒေသကြီး ရမည်းသင်း မြို့နယ် အခြေခံပညာ အထက်တန်း ကျောင်း၌ ၁၉၃၄ ခုနှစ်တွင် ဆောက်လုပ် ခဲ့သော ကင်းထောက်ရုံးမှာ ယခုတိုင် ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။ (သဲသဲ)

မြ၀တီနေ့စဉ် ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger