www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, July 1, 2016

ယခု ပညာသင်နှစ်အတွက် ဆရာ ဆရာမ တိုးမြှင့်ခန့်ထားသော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာအရ လေးသောင်းခွဲကျော် လိုအပ်နေ


ရန်ကုန် ၊ ၁-၇-၂၀၁၆

ယခု ပညာသင်နှစ် အတွက် အခြေခံပညာ ကျောင်းများ၌ ဆရာ၊ ဆရာမ အင်အား အလုံအလောက် ခန့်ထားနိုင်ရန် တိုးမြှင့် ခေါ်ယူခဲ့သော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာ အရ ဆရာဦးရေ လေးသောင်းခွဲကျော် လိုအပ် နေသေးကြောင်း ပညာရေးဝန်ကြီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် ဆရာ၊ ဆရာမ လိုအပ်ချက်သည် အထက်တန်းပြ ၅၅၂၆ ဦး၊ အလယ်တန်းပြ ၁၄၃၃၉ ဦးနှင့် မူလတန်းပြ ၂၅၂၉၄ ဦး စုစုပေါင်း ၄၅၁၅၉ ဦး လိုအပ်ချက် ရှိနေ သေးကြောင်း သိရသည်။

လက်ရှိ ဖွဲ့စည်းပုံအရ အခြေခံပညာ ကျောင်း တစ်ကျောင်း၌ အထက်တန်းပြ ၁၂ ဦး၊ အလယ်တန်းပြ ရှစ်ဦးနှင့် မူလတန်းပြ လေးဦး အနည်းဆုံး ထပ်မံ ခန့်ထားမည် ဖြစ်ပြီးကျောင်း အရေအတွက် အချိုးနှင့် ဆရာအချိုး ပေါ်မူတည်ကာ တိုးမြှင့် ခန့်ထားပေးမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကျောင်းသားဦးရေ များပြားလာမှု၊ လမ်းပန်း ဆက်သွယ်ရေးခက်ခဲသည့် အခြေအနေများ၊ သဘာဝ ဘေးအန္တရာယ် နှင့်ဘတ်ဂျက် ရရှိမှုများ အပေါ် အခြေခံကာ ကျောင်းဆောင်သစ် များ တည်ဆောက် ပေးလျက် ရှိကြောင်း သိရသည်။

လက်ရှိတွင် ပြောင်းလဲ လိုက်သည့် ပညာရေး မူဝါဒကြောင့် ဆရာ၊ ဆရာမ လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရန် ပညာရေး ဝန်ထမ်းများ ပိုမိုမွေးထုတ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ် အစိုးရကျောင်း များ၌ ပညာသင်ကြားရန် ခန့်အပ်ထားသော ဆရာ၊ ဆရာမ စုစုပေါင်း ၃၆၁ဝဝ၁ ဦးရှိပြီး အခြေခံပညာအဆင့် ကျောင်း အရေအတွက် အနေဖြင့် အခြေခံပညာ အထက်တန်း အဆင့်ကျောင်း ၃၅၁၃ ကျောင်း၊ အခြေခံပညာ အလယ်တန်း အဆင့်ကျောင်း ၆၂၂၂ ကျောင်း၊ မူလတန်း လွန်ကျောင်း ၇၁၃၆ ကျောင်းနှင့် အခြေခံပညာ မူလတန်းကျောင်း ၂၈၆၁၃ ကျောင်း စုစုပေါင်း ၄၅၄၈၄ ကျောင်း ရှိလာကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီး နှင့် ပြည်နယ်များ အတွင်း အခြေခံပညာ ကျောင်း လိုအပ်ချက်များကို ဒေသအလိုက် ဖြည့်ဆည်း နိုင်ရန် စီစဉ်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ (စိုးမိုး)

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger