www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 13, 2016

လုပ်ငန်းကျွမ်းကျင်မှု အမျိုးအစားများထဲမှ ၁၅ မျိုးကို အာဆီယံ ကျွမ်းကျင်လက်မှတ် ထုတ်ပေးမည်



ရန်ကုန် ၊ ၁၃-၇-၂၀၁၆

လုပ်ငန်း ကျွမ်းကျင်မှု အမျိုးအစား ပေါင်း ၉ဝ ကျော်တွင် ၁၅ မျိုးနီးပါးကို အာဆီယံ ကျွမ်းကျင် လက်မှတ် ထုတ်ပေးရန် စီစဉ်နေပြီး လက်ရှိတွင် ပြည်တွင်း၌ အဆိုပါ လက်မှတ်ရရှိသူ ဦးရေ ၂၉ဝ ကျော် ရှိကြောင်း အလုပ်သမား ရေးရာ ညွှန်ကြားရေး ဦးစီးဌာန မှ သိရသည်။

ပထမအဆင့် အနေဖြင့် လုပ်ငန်း အမျိုးအစား ၂၅ မျိုး ရွေးချယ် ထားပြီး ကျန်လုပ်ငန်း ၁၄ မျိုးကိုလည်း ၂ဝ၁၆ ခုနှစ်အတွင်း လက်မှတ် ထုတ်ပေးနိုင်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ အာဆီယံ ခရီးသွား လုပ်ငန်း ကျွမ်းကျင်မှု စံ သတ်မှတ်ချက်များ အခြေခံ သင်ရိုးညွှန်းတမ်း ပြုစုရေး နည်းဆရာဖြစ် သင်တန်းဖွင့်ပွဲများ ဖွင့်လှစ်မည် ဖြစ်သည်။ 

အာဆီယံ လုပ်ငန်း ကျွမ်းကျင်မှု လက်မှတ် ထုတ်ပေးပြီး သည့် လုပ်ငန်း ၁၁ မျိုးမှာ ဟိုတယ်လုပ်ငန်း များအတွက် ဝိတ်တာ ဝန်ဆောင်မှု၊ အိပ်ခန်းဆောင် ထိန်းသိမ်းခြင်း နှင့် တခြားလုပ်ငန်း များအတွက် ဂဟေဆော်ခြင်း၊ အဲကွန်း ပြုပြင်ခြင်း၊ လျှပ်စစ်နှင့် ဝိုင်ယာရိန်း၊ ဆောက်လုပ်ရေး လက်သမား၊ ပရိဘောဂ လက်သမား လုပ်ငန်း၊ အုတ်စီခြင်း လုပ်ငန်း၊ စက်ချုပ်ခြင်း၊ အရောင်း ဝန်ထမ်းနှင့် အရောင်းငွေကိုင် တို့ဖြစ်ကြောင်း သိရသည်။

''ဒီ ကျွမ်းကျင်မှု လက်မှတ် ရရှိထားရင် အာဆီယံ နိုင်ငံတွေထဲက ဘယ်နိုင်ငံ သွားသွား အသိအမှတ် ပြုတယ်။ ကိုယ်ရထားတဲ့ ကျွမ်းကျင်မှု (Level) အလိုက် လစာရော၊ အကျိုးခံစားခွင့် ရော၊ ဥပဒေအရ ရော အကာအကွယ် ပေးတယ်'' ဟု အဆိုပါ လက်မှတ် ကိုင်ဆောင်ထား သူ ဦးမိုးဝေ က ပြောသည်။

လက်ရှိ ကျွမ်းကျင် လက်မှတ်ရသူ ဦးရေ များပြားလာရေး အတွက် မန္တလေးမြို့၌ ရုံးခွဲ ထပ်မံ ဖွင့်လှစ်၍ လက်မှတ် ထုတ်ပေးနိုင်ရန် ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ (သဲသဲ)

မြ၀တီနေ့စဉ် ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger