www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, July 23, 2016

မြန်မာကင်းထောက်အဖွဲ့ဝင် မှတ်ပုံတင်ရေးကို အာရှ-ပစိဖိတ်ဆိုင်ရာ ကင်းထောက်အဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်မည်


WAGGGS Asia Pacific Region first visit to Myanmar capital Naypyidaw after Scouting and guiding was re-introduced in Myanmar in January 2013

ရန်ကုန် ၊ ၂၃-၇-၂၀၁၆

မြန်မာနိုင်ငံ၌ ဖွဲ့စည်း ထားသော  ကင်းထောက်များ၏ ကင်းထောက် အဖွဲ့ဝင်ဖြစ်မှု စနစ်ကျစေရန် မြန်မာ ကင်းထောက် အဖွဲ့ဝင် မှတ်ပုံတင်ရေး ကို အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ကင်းထောက် အဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ကင်းထောက် အဖွဲ့မှ သိရသည်။

မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ဝင် မှတ်ပုံတင်ရေး အတွက် ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာလုပ်ငန်း ဆွေးနွေးပွဲကို ရန်ကုန်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း (လမ်းမတော် )၌ ဇူလိုင် ၁၁ ရက်မှ ၁၄ ရက်အထိ ကျင်းပခဲ့ရာ ယင်း ဆွေးနွေးပွဲမှ ထွက်ပေါ်လာသည့် မှတ်ပုံတင် နည်းစနစ်များ ပေါ်တွင် အခြေခံ၍ မြန်မာ ကင်းထောက် နည်းစနစ် ဆိုင်ရာ ဆွေးနွေးပွဲကို ဇူလိုင် ၁၆ ရက်က ထပ်မံကျင်းပခဲ့ပြီး ကင်းထောက် လုပ်ငန်းစဉ်များ စနစ်ကျစေရန် လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်မည် ဖြစ်သည်။

၂ဝ၁၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည့် အမျိုးသား ကင်းထောက် အဖွဲ့၌ ကင်းထောက် ၂၆ဝဝဝဝ ခန့်ရှိပြီး စတင်ဖွဲ့စည်း ခဲ့စဉ်က ဆဋ္ဌမတန်း အရွယ် ကျောင်းသား များသည် လက်ရှိတွင် တက္ကသိုလ်ဝင်တန်း အောင်မြင် ပြီးဖြစ်ရာ ယင်း ကျောင်းသားများ၏ အဖွဲ့ဝင် ဖြစ်မှုအတွက် တိတိကျကျ မှတ်ပုံတင်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ကင်းထောက် အဖွဲ့ Chief Commissioner ဒေါက်တာ တင်ညို က ပြောသည်။

မြန်မာကင်းထောက် အဖွဲ့ဝင် မှတ်ပုံတင်ရေး ဆောင်ရွက်ခြင်း သည် မြန်မာနိုင်ငံကို ကမ္ဘာ့ကင်းထောက် အဖွဲ့နှင့် အာရှပစိဖိတ် ဒေသဆိုင်ရာ ကင်းထောက် အဖွဲ့ အဖွဲ့ဝင်နိုင်ငံ အဖြစ် အသိအမှတ်ပြု ခံရရေးအတွက် မြန်မာနိုင်ငံ အမျိုးသား ကင်းထောက် အဖွဲ့နှင့် ကင်းထောက် အမျိုးသမီး ဖွဲ့စည်းပုံ စည်းမျဉ်းစည်းကမ်း များကို အစိုးရအဖွဲ့က အတည်ပြု ပြဋ္ဌာန်းပြီးသား ဖြစ်သော်လည်း ကမ္ဘာ့ ကင်းထောက် အဖွဲ့ဝင်နိုင်ငံ အဖြစ် အဆိုပြု ဝင်ရောက်နိုင်ရေး အတွက် ဖြစ်ကြောင်း သိရသည်။

ဆုလာဘ်

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger