www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 7, 2016

ပင်လယ်ရေကြောင်း နှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ တစ်ပတ်အတွင်း ရော်ဘာစေး နှင့် မှိုင်းခံရော်ဘာ တန်ချိန် ၁၅၀၀ ကျော်တင်ပို့



ရန်ကုန် ၊ ၇-၇-၂၀၁၆

ပင်လယ် ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေး စခန်းများမှ တစ်ပတ်အတွင်း အမေရိကန် ဒေါ်လာ ၁ ဒသမ ၆၄၉ သန်း တန်ဖိုးရှိ ရော်ဘာစေး နှင့် ရော်ဘာတန်ချိန် ၁၅၈၃ တန် တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန မှ သိရသည်။

ထိုသို့ တင်ပို့ရာတွင် ဇွန် ၁၈ ရက်မှ ၂၄ ရက်အထိ တစ်ပတ်တာ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန် မှ RSS-3 တန် ၅ဝ ၊ RSS-2 တန် ၃ဝဝ၊ MSR-20 တန် ၁၁ဝ နှင့် MSR-50 တန် ၁၅ဝ၊ ချင်းရွှေဟော် ကုန်သွယ်ရေး စခန်းမှ RSS-3 ၁၇၂ တန်နှင့် တာချီလိတ် ကုန်သွယ်ရေး စခန်းမှ ရော်ဘာစေးတန် ၂ဝ စုစုပေါင်း အမေရိကန် ဒေါ်လာ သုည ဒသမ ၈၅၇ သန်းတန်ဖိုးရှိ ရော်ဘာစေးနှင့် မှိုင်းခံရော်ဘာ ၈ဝ၂ တန် တင်ပို့ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပင်လယ်ရေကြောင်း ကုန်သွယ်မှု မှ ဇွန် ၁၉ ရက်မှ ၂၅ ရက်အထိ မလေးရှား နိုင်ငံသို့ MSR-20 ၁ဝ၅ တန်၊ RSS-3 တန် ၁၄ဝ၊ အင်ဒိုနီးရှားနိုင်ငံသို့ RSS-3 ၄၈ တန်၊ ဂျပန်နိုင်ငံသို့ MSR-20 TSR ၂၉၄ တန်နှင့် RSS-3 ၁၂ တန်ကျော်၊ တောင်ကိုရီးယား နိုင်ငံသို့ MSR-20 TSR ၁ဝ၁ တန်နှင့် စင်ကာပူနိုင်ငံသို့ MSR-20 TSR ၈၁တန်ခန့် စုစုပေါင်း အမေရိကန် ဒေါ်လာ သုည ဒသမ ၇၉၂ သန်းတန်ဖိုးရှိ ရော်ဘာ ၇၈၁ တန် တင်ပို့ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ တင်ပို့ရာတွင် နယ်စပ် ကုန်သွယ်ရေး စခန်းများမှ တင်ပို့မှုမှာ ယခင်တစ်ပတ်က တာချီလိတ် ကုန်သွယ်ရေး စခန်းများမှ ရော်ဘာတင်ပို့မှု မရှိဘဲ မူဆယ် ၁ဝ၅ မိုင်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေး စခန်းမှ ရော်ဘာ ၅၉၄ တန်သာ တင်ပို့နိုင်ခဲ့သည့် အတွက် ယခုတစ်ပတ်တွင် ပိုမိုတင်ပို့ နိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပင်လယ်ရေကြောင်း မှတင်ပို့မှုမှာ ယခင်တစ်ပတ်က ၇၉၅ တန် တင်ပို့ခဲ့ပြီး ယခုတစ်ပတ်တွင် ၇၈၁ တန် တင်ပို့ခဲ့ရာ ပုံမှန်တင်ပို့နိုင် ခဲ့ကြောင်း၊ ယခုတစ်ပတ်တွင် နိုင်ငံတကာ ရော်ဘာဈေး ဆက်လက်မြင့်တက် လာသည့်အတွက် ပြည်ပသို့ တင်ပို့မည့် မြန်မာ့ရော်ဘာ ဈေးနှုန်းများလည်း မြင့်တက်လာကာ RSS တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၁၃ဝဝ မှ ၁၄ဝဝ၊ MSR-3 L တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၁၄၅ဝ မှ ၁၅၅ဝ၊ MSR-20 တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၁၁၅ဝ မှ ၁၂၅ဝ အထိ ဈေးနှုန်းရရှိ နေကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများ အသင်းမှ သိရသည်။ (နေနေ)

မြ၀တီနေ့စဉ် ၊ စာ(၂၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger