www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, July 8, 2016

တပ်မတော် မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ်-စကု တို့ ဧရာဝတီတိုင်း ဒေသကြီး ၊ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ရန် ထွက်ခွာ



နေပြည်တော် ၊ ၈-၇-၂၀၁၆

တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်-စကု တို့သည် တပ်မတော် နယ်လှည့် ဆေးကုသရေး အဖွဲ့မှ ပါရဂူများ၊ ဆေးမှူး များနှင့် သူနာပြု စစ်သည်များ လိုက်ပါ၍ ဧရာဝတီတိုင်း ဒေသကြီး၊ ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ယမန်နေ့ နံနက် ၆ နာရီခွဲ တွင် ရန်ကုန်မြို့ အမှတ်(၄) ရေတပ် ဗောတံတားမှ ထွက်ခွာရာ တပ်မတော် (ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစု များနှင့် တာဝန်ရှိ သူများက ပို့ဆောင် နှုတ်ဆက်ကြသည်။

အဆိုပါ တပ်မတော် မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်-စကု မှ ဆေးကုသရေး အဖွဲ့သည် ဧရာဝတီ မြစ်ကြောင်း တစ်လျှောက် မအူပင်မြို့နယ်၊ ဝါးခယ်မမြို့နယ် နှင့် လပွတ္တာမြို့နယ် တို့ရှိ ကျေးရွာများမှ ဒေသခံပြည်သူ များအား ဆေးရုံရေယာဉ် ပေါ်ရှိ သားဖွားခန်း ၊ ဓာတ်မှန်ခန်း ၊ စမ်းသပ်ခန်း နှင့် အထူး ကြပ်မတ် ကုသဆောင် တို့တွင် လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger