www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 13, 2016

ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ အပြည်ပြည်ဆိုင်ရာ ကာကွယ်ရေး ၊ မြေပြင်နှင့် ဝေဟင် လုံခြုံရေးဆိုင်ရာ ပြပွဲ "Eurosatory 2016 " တက်ရောက်ရန် ပြင်သစ်နိုင်ငံ သို့ထွက်ခွာ


ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း အား ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးဇော်သိန်း နှင့် တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၁၃-၆-၂၀၁၆

ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ပြင်သစ်သမ္မတ နိုင်ငံကြည်းတပ် ဦးစီးချုပ် General Jean-Pierre Bosser ၏ ဖိတ်ကြားချက် အရ ပြင်သစ် နိုင်ငံတွင် ကျင်းပ ပြုလုပ်မည့် " Eurosatory 2016 " သို့ တက်ရောက်ရန် ယမန်နေ့ ညနေပိုင်း တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေကြောင်း ခရီးဖြင့် ထွက်ခွာသည်။

ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးဇော်သိန်း နှင့် တပ်မတော် အရာရှိကြီးများ၊ တာဝန်ရှိသူ များက လေဆိပ်၌ ပို့ဆောင် နှုတ်ဆက် ကြသည်။

အဆိုပါ ခရီးစဉ်တွင် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ တာဝန်ရှိသူများ လိုက်ပါသွား ကြကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger