www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, June 10, 2016

ရန်ကုန်တက္ကသိုလ်၌ ဂျပန်စာ နှင့် ဂျပန်ရိုးရာဓလေ့များ တိုးချဲ့သင်ကြားမည်


ရန်ကုန် ၊ ၁၀-၆-၂၀၁၆

ရန်ကုန်တက္ကသိုလ် ၌ ဂျပန်စာ သင်ကြားခြင်းကို မြန်မာစာဌာန တစ်ခုတည်းကိုသာ သင်ကြားပေးလျက် ရှိရာမှ ယခု နောက်ပိုင်းတွင် တခြားဌာနများ ကိုပါ ဂျပန်စာနှင့် ဂျပန်ရိုးရာဓလေ့များ တိုးချဲ့သင်ကြား ပေးသွားမည် ဖြစ်သည်။

ရန်ကုန်တက္ကသိုလ်နှင့် တိုကျိုတက္ကသိုလ် တို့ပူးပေါင်း သင်ကြားပေးခြင်း ဖြစ်ပြီး တိုကျိုတက္ကသိုလ် မှ အဓိက သင်ကြားပေး လိုသည့် ဌာနမှာ မြန်မာစာဌာန ဖြစ်သော်လည်း လက်ရှိတွင် မြန်မာစာဌာန သာမက မနုဿဗေဒဌာန၊ ဥပဒေဌာန နှင့် ဒဿနိကဌာန တို့၌ပါ တိုးချဲ့သင်ကြား ပေးနေပြီ ဖြစ်ကြောင်း သိရသည်။

ဂျပန်စာ သင်တန်းကို ကျောင်းသားများ၏ စာသင်ချိန် မထိခိုက်စေရန် စာသင်ချိန် ပြီးဆုံးမှသာ သင်ကြားပေးခြင်း ဖြစ်ကြောင်း၊ သင်ကြား ရာတွင်လည်း တိုကျိုတက္ကသိုလ် မှ အငြိမ်းစား ပါမောက္ခ အိုကူဒိုင်းရ ကိုယ်တိုင် သင်ကြား ပေးနေခြင်း ဖြစ်ရာ ယခုအခါ ပါမောက္ခ ဆရာမတစ်ဦး ထပ်မံရောက်ရှိ နေပြီး အတန်းချိန် များကိုလည်း ထပ်မံတိုးမြှင့် သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဌာနလေးခုမှ ကျောင်းသား ၆ဝ ဦးခန့်နှင့် ဌာနအသီးသီးမှ ဆရာ၊ ဆရာမ ၁ဝ ဦးခန့် တက်ရောက် သင်ယူလျက်ရှိပြီး အဆိုပါ ရန်ကုန်တက္ကသိုလ် နှင့် တိုကျိုတက္ကသိုလ် တို့သည် ရန်ကုန်တက္ကသိုလ် ၌ တိုကျို နိုင်ငံခြား ပညာရပ်များ လေ့လာရေး တက္ကသိုလ်ရုံးခန်း ဖွင့်လှစ်ရန် ၂ဝ၁၄ ခုနှစ်က နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုး ခဲ့ပြီး၂ဝ၁၅ ခုနှစ် ဇန်နဝါရီလတွင် ရုံးခန်းစတင် ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။

ချမ်းချမ်းကို

မြ၀တီနေ့စဉ် ၊ စာ(၁၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger