www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, June 21, 2016

တိုင်း ၊ တပ်မ ၊ တပ်ရင်း/တပ်ဖွဲ့ များတွင် အရွယ်မရောက်သေး သူများ ၀င်ရောက်တာဝန် ထမ်းဆောင်ခြင်း မရှိစေရေး ဆောင်ရွက်လျက်ရှိ


ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကော်မတီ ညှိနှိုင်း အစည်းအဝေးတွင် အမှာစကား ပြောကြားစဉ်

နေပြည်တော် ၊ ၂၁-၆-၂၀၁၆

အရွယ်မရောက် သေးသူ ကလေးသူငယ် များအား စစ်မှုထမ်းခြင်းမှ ကာကွယ် တားဆီး ထိန်းသိမ်းရေး ကော်မတီ ညှိနှိုင်း အစည်းအဝေး ကို ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း ဦးဆောင်၍ ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်ထောင်စု ဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပြီး ကော်မတီ အတွင်းရေးမှူးနှင့် တွဲဖက် အတွင်းရေးမှူး တို့က ကော်မတီစတင် ဖွဲ့စည်းချိန်မှ ယနေ့အချိန်ထိ ကုလသမဂ္ဂ လက်အောက်ခံ Country Task Force on Monitoring and Reporting (CTFMR) နှင့်ပူးပေါင်းပြီး လုပ်ငန်း အကောင် အထည်ဖော် ဆောင်ရွက်ခဲ့မှု များနှင့် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ် များကို ဆွေးနွေး တင်ပြကြကာ ကော်မတီဝင် များကလည်း ဖြည့်စွက် ဆွေးနွေးကြသည်။

အဆိုပါ ကော်မတီ အနေဖြင့် CTFMR နှင့် ပူးပေါင်း၍ တပ်ရင်း/တပ်ဖွဲ့ (၁၅၅) တပ်သို့ (Monitoring Visit) သွားရောက် စိစစ်နိုင်ခဲ့ပြီး လုပ်ငန်းစီမံချက် (Plan of Action) လက်မှတ် ရေးထိုးသည့် ၂ဝ၁၂ ခုနှစ် ဇွန်လ ၂၇ ရက်မှ ယနေ့အထိ တပ်မတော်အတွင်း အရွယ်မရောက် သေးသူ ၇၄၄ ဦးအား မိဘ အုပ်ထိန်းသူများ ထံသို့ ပြန်လည်ပေါင်းစည်း ပေးနိုင်ခဲ့သည့် အပြင် စုဆောင်းမှု နည်းလမ်းမမှန်ဘဲ မှားယွင်း စုဆောင်းခဲ့သည့် တပ်မတော်သား အရာရှိ/ စစ်သည် စုစုပေါင်း ၃၈၂ ဦးအား စစ်စည်းကမ်း အရ အရေးယူ ဆောင်ရွက် ခဲ့ကြောင်း သိရ သည်။

အရွယ် မရောက်သေးသူ ကလေးသူငယ် များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကော်မတီနှင့် CTFMR တို့ ၂ဝ၁၂ ခုနှစ် ဇွန်လမှ ၂ဝ၁၆ ခုနှစ် မတ်လအထိ ညှိနှိုင်း အစည်းအဝေး (၄၂)ကြိမ် ကျင်းပနိုင်ခဲ့ပြီး တိုင်း၊ တပ်မ၊ တပ်ရင်း/တပ်ဖွဲ့ များတွင် တပ်သားသစ် စုဆောင်းရေးနှင့် ပတ်သက်၍ အရွယ်မရောက်သေး သူများ ဝင်ရောက် တာဝန် ထမ်းဆောင်ခြင်း မရှိစေရေးအတွက် အသိပညာပေး ဟောပြော ပို့ချခြင်း၊ စစ်သား စုဆောင်းရေး တပ်များတွင် လစဉ် အသိပညာပေး သင်တန်းနှင့် စုဆောင်းရေး လုပ်ငန်းစဉ်များ ဟောပြော ပို့ချခြင်း၊ ပြည်သူလူထု အသိပညာ ပေးမှုအနေဖြင့် ပိုစတာ၊ လက်ကမ်း စာစောင်၊ ဘေလ်ဘုတ်၊ ရေဒီယို၊ ရုပ်သံ၊ သတင်းစာ တို့မှလည်း အသိပညာပေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger