www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, June 22, 2016

နှလုံးသွေးကြောပိတ်ရောဂါ



ဒေါက်တာ လွင်သန့် (ဆေး-၂)

နှလုံးသွေးကြော ဆိုင်ရာရောဂါ အများစုဟာ သွေးကြောကျဉ်းခြင်း၊ သွေးလွှတ်ကြော နံရံတွေမှာ အဆီ (ကိုလက်စထရော) စုပုံခြင်းကြောင့် ဖြစ်ပါတယ်။ အဲဒီ  အဆီခဲတွေ ကြောင့် သွေးလွှတ်ကြော နံရံတွေ ကျဉ်းမြောင်း အားနည်းသွား စေပါတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း သွေးကြော  နံရံတွေ ပေါက်ထွက်တဲ့ အထိ ဖြစ်လာတတ် ပါတယ်။ နောက်ဆုံးမှာ နေရာကွက်ပြီးပဲ ဖြစ်ဖြစ်၊ သွေးလွှတ်ကြော အဖွဲ့အစည်း ထဲမှာပဲ ဖြစ်ဖြစ် ပိတ်ဆို့ လာနိုင် ပါတယ်။

နှလုံး အတိုက်ခိုက်ခံ ရတာဟာ နှလုံးညှစ်အား မကောင်းလို့ ဖြစ်ပါတယ်။ နှလုံးမှာ သွေးလက်ခံ ရရှိမှု လျော့နည်း လာတဲ့အတွက် နှလုံး ကြွက်သားတွေ ပျက်စီး လာပါတယ်။ အများဆုံး တွေ့ရတဲ့ လက္ခဏာ တွေက မောပန်းခြင်း၊ ခြေချင်းဝတ်များ ဖောရောင်ခြင်း နဲ့ အသက်ရှူ ကျပ်ခြင်းတို့ ဖြစ်တတ်ပါတယ်။

ရုတ်တရက် ဖြစ်ပေါ်တဲ့ နှလုံးရပ်ခြင်းမှာ ဝေဒနာရှင်ဟာ အသက်ရှူ ကျပ်ပြီး ပါးစပ်က အမြှုပ်ထွက်တယ်။ ဒါကို ဆီးရွှင်ဆေးနဲ့ အက်စပရင် ပေးပြီး ကုသ နိုင်ပါတယ်။ ရေရှည် သွေးကြော ပိတ်ဆို့မှု တွေကတော့ ခွဲစိတ်ကုသ လို့ရတယ်။ လမ်းလွှဲခြင်း နည်းကို နှလုံးသွေး ကြော အစားထိုး နည်းနဲ့ ပေါင်မှာရှိတဲ့ သွေးလွှတ်ကြော ထဲကို ပြွန်ချောင်း သေးသေးလေး ထည့်ပြီး ခွဲစိတ် ကုသနည်း ဖြစ်တယ်။

သတိပေး လက္ခဏာ ပြတာကတော့ သွေးတိုးခြင်း၊ ကိုက်ခဲခြင်း ဒါမှမဟုတ် ပူလောင်ခြင်း၊ ရင်ခေါင်းနာခြင်း တို့ ဖြစ်တတ်ပါတယ်။ မကြာခဏ လှုပ်ရှားမှု များရင် ဒီလို လက္ခဏာတွေ တိုးလာပြီး အနားယူရင် လျော့နည်းသွား ပါတယ်။ မအီမသာ ဖြစ်ခြင်း၊ တင်းကျပ်ခြင်း၊ ရင်ခေါင်း တောင့်ခြင်း ဒါမှမဟုတ် ရင်ပြည့်ခြင်း တို့ နှစ်မိနစ်ထက် ကျော်လွန်တဲ့ အထိ ဖြစ်တတ်တယ်။ အချိန်ပိုကြာပြီး ပိုနာတယ်။ သွားတွေ၊ မေးရိုးနဲ့ လက်မောင်း အတွင်းပိုင်း (လက်ဝဲဘက်) ဒါမှမဟုတ် နောက်ကျော မအီမသာ ဖြစ်တတ်တယ်။ မူးဝေခြင်း၊ အားနည်းခြင်း၊ ချွေးထွက်ခြင်း၊ ပျို့အန်ခြင်း၊ အသက်ရှူ မြန်ခြင်း ဒါမှမဟုတ် အားစိုက်ရတာ တွေရှိပါတယ်။

ကိုယ်လက် မအီမသာ ဖြစ်ခြင်းဟာ နှလုံး ပူလောင်ခြင်း ဒါမှမဟုတ် နှလုံးသွေးကြော ပိတ်ခြင်း ဒါမှမဟုတ် ရင်ခေါင်း အလယ်ကို ဗဟိုပြုရင် ဆရာဝန် ညွှန်ကြားချက် နဲ့ အက်စပရင်နဲ့ ဆီးဆေးတွေ ပုံမှန်သောက် ဒါမှမဟုတ် ဆရာဝန်နဲ့ ပြပါ။

မှန်ကန် သင့်လျော်တဲ့ အစားအစာတွေ စားသောက်ခြင်းဟာ သွေးလွှတ်ကြော ထဲမှာ အဆီစုပုံမှုကို ကာကွယ်နိုင်တယ်။ သွေးခဲခြင်းကို လျော့နည်း စေတယ်။ အိုမီဂါ(၃)၊ အိုမီဂါ (၆)၊ ဖက်တီးအက်စစ် ပါတဲ့ အစားအစာတွေ ကို စားသုံးပေးသင့်တယ်။ အိုမီဂါ(၃) ကို အဆီများတဲ့ ငါးကရတယ်။ အိုမီဂါ(၆) ကို အစေ့အဆန်တွေ ကရတယ်။ သံလွင်ဆီမှာ အိုမီဂါ(၆) သာမက အိုလစ်အက်စစ် ပါ ပါဝင်လို့ သွေးကြော ကျဉ်းခြင်းကို ကာကွယ်နိုင်တယ်။

နှလုံးသွေးကြော ရောဂါတစ်ခုခု ရှိသူဟာ ပျော်ဝင်နိုင်တဲ့၊ အမျှင်ဓာတ် ပါတဲ့ အစားအစာ စားရမယ်။ ပဲနီလေး၊ ဘိုစားပဲ၊ အုတ်ဂျုံ၊ ရိုင်ဂျုံ၊ ဘာလီ၊ ပေါင်မုန့်နဲ့ ခေါက်ဆွဲခြောက် တွေမှာ အမျှင်ဓာတ် ပါလို့ စားသုံးသင့်တယ်။ လတ်ဆတ်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် တွေ တွဲဖက်စားသင့် ပါတယ်။ အနီရောင် အသား လျှော့စားပါ။ နေ့စဉ်နာရီဝက် ကနေ တစ်နာရီ လေ့ကျင့်ခန်း (အပြေး၊ လမ်းလျှောက်၊ စက်ဘီးစီး၊ ရေကူး) လုပ်သင့်ပါတယ်။ သွေးတိုးနဲ့ ဆီးချိုဖြစ်ဖို့ ပိုများနိုင်လို့ ကိုယ် အလေးချိန် လျှော့ချခြင်း၊ အဆီ၊ သကြား၊ အချိုမှုန့်၊ အငန်ကဲတဲ့ အစားအစာတွေ ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ မိသားစု ဆရာဝန်နဲ့ ပုံမှန် စစ်ဆေးသင့် ပါတယ်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger