www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, June 21, 2016

တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်း များမှ သင်ကြားမှုစွမ်းရည် ထူးချွန်၍ လူမှုရေးပရဟိတ စိတ်ဓာတ်ရှိသည့် ဆရာ ဆရာမများအား ထူးချွန်ဆရာဆု ပေးအပ်မည်



ရန်ကုန် ၊ ၂၁-၆-၂၀၁၆

တစ်နိုင်ငံလုံးရှိ အခြေခံပညာ ကျောင်းများထဲမှ သင်ကြားမှု စွမ်းရည် ထူးချွန်၍ လူမှုရေး ပရဟိတ စိတ်ဓာတ်ရှိသည့် ဆရာ၊ ဆရာမများအား ၂ဝ၁၆ -၂ဝ၁၇ ပညာသင် နှစ်တွင် ထူးချွန်ဆရာဆု ရွေးချယ် ပေးအပ်မည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။

ထူးချွန်ဆရာဆု ရွေးချယ်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ပထမရရှိ ခဲ့သည့် ဆရာ၊ ဆရာမ များအား ပညာရေး ကောလိပ်၌ လက်တွေ့ သင်ကြား ပြသမှု ဆန်းစစ်ခြင်းနှင့် မေးမြန်း ဖြေကြားခြင်း တို့ကို အကဲဖြတ်ကြောင်း သိရသည်။

ထူးချွန်ဆရာဆု နှင့် ပတ်သက်၍ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း တပ်ကုန်းမြို့နယ်မှ ကျောင်းဆရာ ဦးလှအောင်က ''ဆုကတော့ ကျောင်းအလိုက် ယှဉ်ပြီးတော့ ပေးတယ်။ လုပ်ဆောင်ချက် တွေပေါ် မူတည်ပြီး တော့လည်း ပေးတယ်။ ဆရာတို့ သိတာတော့ တော်ဝင် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက ကနဦးကူညီ ပေးခဲ့တာပါ'' ဟု ပြောသည်။

ထူးချွန်ဆရာဆု ချီးမြှင့်မှု အစီအစဉ်ကို သက်ဆိုင်ရာ အတန်းအလိုက် ပထမဆု ငွေကျပ် သိန်း ၄ဝ၊ ဒုတိယဆု ငွေကျပ် သိန်း ၂ဝ နှင့် တတိယဆု ငွေကျပ် ၁ဝ သိန်းစီ ချီးမြှင့်မည် ဖြစ်သည်။

အခြေခံပညာ ဆရာ၊ ဆရာမ များ သင်ကြားမှု အရည်အသွေး မြင့်မားစေရန် နှင့် ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန် ပညာ တန်ဆောင်နှင့် တော်ဝင် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း တို့ ပူးပေါင်း၍ ထူးချွန်ဆရာဆု ရွေးချယ် ချီးမြှင့်ခြင်းဖြစ်ကြောင်း ထူးချွန်ဆု ရွေးချယ် ချီးမြှင့်ရေး ဦးစီးကော်မတီ မှ သိရသည်။

ထူးချွန်ဆရာဆု ရွေးချယ်မှု အစီအစဉ် တွင် ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်၊ ဗဟိုအဆင့် စသည်ဖြင့် အဆင့်ဆင့် ရွေးချယ်သွားမည် ဖြစ်ပြီး ရေးဖြေ စာမေးပွဲ၊ လူတွေ့နှုတ်ဖြေ စာမေးပွဲများ ဖြေဆို၍ ဗဟိုအဆင့် တွင် လက်တွေ့သင်ကြား ပြသမှုကို ဆန်းစစ် အကဲဖြတ် သွားမည် ဖြစ်ကြောင်း သိရသည်။ (သဲသဲ)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger