www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 13, 2016

ရခိုင်ပြည်နယ်၌ မုန်တိုင်းဒဏ်ခံနိုင်မည့် အဆောက်အအုံများ တိုးချဲ့ ဆောက်လုပ်မည်



စစ်တွေ ၊ ၁၃-၆-၂၀၁၆

မုန်တိုင်း အန္တရာယ်ဖြင့် မကြာခဏ ရင်ဆိုင် နေရသော ရခိုင်ပြည်နယ် ၌ မုန်တိုင်းဒဏ် ခံနိုင်မည့် အဆောက်အအုံများ ထပ်မံတိုးချဲ့ ဆောက်လုပ် သွားမည် ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပြန်လည် ဖွဲ့စည်းထားသည့် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး နှင့် ဖွံ့ဖြိုး တိုးတက်ရေး အကောင်အထည် ဖော်ရေး ဗဟို ကော်မတီ၏ ဇွန် ၁ဝ ရက်က ကျင်းပခဲ့သော အစည်းအဝေး တွင် မုန်တိုင်းဒဏ်ခံ နိုင်မည့် အဆောက်အအုံများ ထပ်မံတိုးချဲ့ ဆောက်လုပ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး ရခိုင်ပြည်နယ်ရှိ ပင်လယ်ကမ်းခြေ ဒေသများနှင့် ပုန်းခိုရာ နေရာရှားပါးသည့် ဒေသများ၌ ဦးစားပေး ဆောက်လုပ် သွားမည်ဖြစ်ကာ လက်ရှိတွင်စီမံကိန်းများ ရေးဆွဲ၍ ဘတ်ဂျက် လိုအပ်ချက်ကို ဗဟိုကော်မတီသို့ တင်ပြထားကြောင်း သိရသည်။ 

ရခိုင်ပြည်နယ်၌ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် အတွင်းက ငွေကျပ် သန်းပေါင်း ၃၅ဝဝဝ တန်ဖိုးရှိသည့် မုန်တိုင်းဒဏ်ခံ အဆောက်အအုံ (Cyclone Shelter) ၁ဝ လုံးကို စစ်တွေမြို့ ပင်လယ်ကမ်းခြေ ဒေသများ၌ တည်ဆောက် ထားပြီး ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger