www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Wednesday, May 11, 2016
e-Cigarette အဆိပ်သင့်မှု စံချိန်တင်မြင့်မား
နယူးယောက် ၊ ၁၁-၅-၂၀၁၆
ဆေးလိပ် ဖြတ်ခြင်းကို အထောက်အကူ ပြုသည့်အတွက် နှစ်ပိုင်းအတွင်း လူကြိုက်များကာ တွင်ကျယ်စွာ ရောင်းချ ရလာသည့် e-Cigarette ကို ကလေးငယ်များ ကိုင်တွယ်ကာ နီကိုတင်း အရည်ကို သောက်မိသည့် အတွက် အဆိပ်သင့်မှု နှုန်းမှာ စံချိန်တင် မြင့်မားလာနေပြီ ဖြစ်ကြောင်း အမေရိကန်  ပြည်ထောင်စု၊ အမျိုးသား အဆိပ်သင့်မှု စာရင်း ကောက်ခံရေး  ဌာနမှ ထုတ်ပြန် ကြေညာသည်။ 
" ၂၀၁၃ ခုနှစ် နဲ့ ၂၀၁၅ ခုနှစ်အကြား၊ အသက် ခြောက်နှစ်အောက် ကလေးသူငယ်တွေ e-Cigarette မှာပါတဲ့ နီကိုတင်း အရည်ကို သောက်မိလို့ အဆိပ်သင့်တဲ့ နှုန်းက ၁၅၀၀ ရာခိုင်နှုန်း ထက်မနည်း ရှိပါတယ်။ ကလေး အများစုရဲ့ အသက်ကိုကယ် လိုက်နိုင်ပေမယ့် ကလေးတစ်ယောက် ကတော့ သေဆုံးခဲ့ ပါတယ် " ဟု သုတေသီ တစ်ဦးက ပြောပြသည်။ 
" အမေရိကန် ပြည်ထောင်စု တစ်ဝန်းမှာ ပျှမ်းမျှ ၃ နာရီကို တစ်ကြိမ်နှုန်း ကလေးတစ်ယောက် e-Cigarette အဆိပ်သင့် နေပါတယ်။ ဒါဟာ တစ်ရက်ကို ကလေး ခုနှစ်ယောက် ထက်မနည်း e-Cigarette အဆိပ်သင့် နေတာနဲ့အတူတူပါပဲ။ e-Cigarette အသုံးပြုမှု အလွန်များ လာတဲ့အပြင် လူတစ်ယောက်ချင်း စီရဲ့ ကိုယ်ပိုင် စည်းကမ်း လိုက်နာနိုင်မှု အားနည်းတဲ့ အတွက် အခုလို ကလေးတွေကို အန္တရာယ် ဖြစ်ရတာလို့  ယူဆပါတယ် " ဟု သုတေသီ တစ်ဦး ဖြစ်သူ ကလေး အထူးကု ဆရာဝန် ဂယ်ရီစမစ် က ပြောပြသည်။ 
အမေရိကန် ပြည်ထောင်စုတွင် ၂၀၁၇ ခုနှစ် မတိုင်မီ e-Cigarette ရောင်းချရမှု နှုန်းသည်  တစ်နှစ်လျင် ဒေါ်လာ ၁၀ သန်းဖိုးခန့်  ရှိနိုင်ကြောင်း သိရသည်။ ဆေးလိပ် သောက်ခြင်းသည် အနီးဝန်းကျင်ရှိ လူပုဂ္ဂိုလ်များ၏ ကျန်းမာရေး ကိုလည်း ဆိုးရွားစွာ ထိခိုက် စေနိုင်ရာဝယ် e-Cigarette သောက်ခြင်းကြောင့် ထွက်လာသည့် အငွေ့ များသည် ဘေးလူကို ထိခိုက်စေနိုင်ခြင်း မရှိကြောင်း၊ ထို့  အပြင် e-Cigarette သောက်သုံးသူ ကိုလည်း ထိခိုက်စေမှု နည်းပါးကြောင်း၊ ဒီဇိုင်း အနေနှင့်လည်း လူငယ်များ ဟန် လုပ်ကောင်းသည့် ဒီဇိုင်း ဖြစ်သည့်အတွက် e-Cigarette များကို နှစ်ပိုင်းအတွင်း လူကြိုက် အလွန်များ လာခြင်း ဖြစ်ကြောင်း သိရသည်။
ရတနာပုံနေ့စဉ် ၊ စာ(၁၁)
No comments:
Post a Comment
Related Posts Plugin for WordPress, Blogger...
တင်ပြီးသမျှ သတင်းများ
Follow on Twitter
Networkblog
FB Like page
Powered By Blogger