www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 18, 2016

ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းတို့မှ သင်တန်းသား သင်တန်းသူများ စခန်းပေါင်းစုံ ပြိုင်ပွဲများကျင်းပ


ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့် သင်တန်းတို့မှ သင်တန်းသား သင်တန်းသူများ စခန်းပေါင်းစုံပြိုင်ပွဲများ ကျင်းပစဉ်


နေပြည်တော် ၊ ၁၈-၅-၂၀၁၆

ရေကြောင်းလူငယ် အခြေခံသင်တန်း နှင့် ရေကြောင်းလူငယ် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂ဝ၁၆) စခန်း ပေါင်းစုံပြိုင်ပွဲကို ယမန်နေ့တွင် ဧရာဝတီ ရေတပ်စခန်း ဌာနချုပ် စစ်ရေးပြကွင်း၌ ပြုလုပ်ရာ တပ်မတော်
အရာရှိကြီးများ၊ သင်တန်းသား၊ သင်တန်းသူများ၊ သင်တန်းနည်းပြ များနှင့် အုပ်ချုပ်သူများ တက်ရောက် ကြသည်။

ပြိုင်ပွဲတွင် ကျောက်ဖြူစခန်း၊ ပုသိမ်စခန်း၊ အင်းယားစခန်း၊ မော်လမြိုင်စခန်း၊ ဟိန်းဇဲစခန်း၊ မြိတ်စခန်း နှင့် ကျွန်းစုစခန်းတို့မှ သင်တန်းသား၊ သင်တန်းသူများ က သင်တန်းအလိုက် စစ်ရေးပြ ပြိုင်ပွဲများ၊ General Sea Terms ရေးဖြေစာမေးပွဲ၊ ကြိုးချည်ကြိုးထိုး ပြိုင်ပွဲ၊ ရေတိုင်းခြင်း လက်တွေ့ပြိုင်ပွဲ၊ ပဲ့စင်တပ်ဖွဲ့ တာဝန် ဖွဲ့စည်းမှု၊ ဆောင်ရွက်မှု လက်တွေ့ပြိုင်ပွဲ နှင့် လှေလှော် ရွက်တိုက်ပြိုင်ပွဲ များ ပါဝင်ယှဉ်ပြိုင် ခဲ့ကြကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger