www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 12, 2016

နာကျင်မှုဝေဒနာများကို ပြေလျော့စေမယ့် သဘာဝနည်းလမ်းကောင်းများ



( ပေါက်ပေါက် )

(၁) တစ်ကိုယ်လုံးက ကြွက်သားတွေနဲ့  အရိုးတွေ နာကျင်ကိုက်ခဲ နေပါသလား။ ချင်း လက်တစ်ဆစ် လောက်ကို နေ့တိုင်း စားပေးပါ။ (အဆစ်ရောင် ရောဂါတွေ အပြင် အဆစ်အတွင်းရှိ အရိုးနုများ ပျက်စီးတဲ့ ရောဂါကိုပါ ၇၅ ရာခိုင်နှုန်း လောက် သက်သာစေနိုင် ပါတယ်။)

(၂) သွားကိုက်ပြီး သွားဖုံးတွေ ရောင်ကိုင်း နေပါသလား။ လေးညှင်းပွင့် နှစ်ပွင့်ကို အာခံတွင်းထဲမှာ ဖြည်းဖြည်းခြင်း မြုံ့၍ဝါးပေးပါ။

(၃) ဘာအစားအစာမှ စားချင်စိတ် မရှိဘဲ လေပူထ နေပါသလား။ ပန်းသီးတစ်ခြမ်းကို အခွံနွှာပြီး ညက်ညက် ဝါးစားပေးပါ။

(၄) နားကိုက် နေပါသလား။ ကြက်သွန်ဖြူ သုံးမြွှာလောက် စားပါ။

(၅) ခေါင်းအုံပြီး ကိုက်ခဲ နေပါသလား။ ချယ်ရီသီး လက်တစ်ဆုပ် စာလောက် နေ့စဉ်စားပေးပါ။

(၆) ကျန်းမာရေး အတွက် ဘက်စုံ ကောင်းချင်ပါသလား။ အဆီမပါတဲ့ ဒိန်ချဉ်ကို နေ့စဉ် နှစ်ခွက်လောက် သောက်ပေးပါ။

(၇) ခန္ဓာကိုယ် တစ်ခုလုံး (နာတာရှည်) နာကျင်ကိုက်ခဲ နေပါသလား။ နနွင်းမှုန့် စစ်စစ်ကို နေ့စဉ် လက်ဖက်ရည် ဇွန်း လေးပုံတစ်ပုံ လောက် သောက်ပေးပါ။ (အရိုး၊ အကြောနဲ့ ကိုယ်တွင်း ကိုယ်ပ ရောင်ရမ်းနာ တွေကို သက်သာစေတဲ့ အပြင် ကင်ဆာရောဂါများ၊ မျက်လုံး ရေတိမ်စွဲခြင်းနဲ့ အယ်လ်ဇိုင်းမား ရောဂါတွေကို မဆိုးရွားသွားအောင် ထိန်းထားပေး နိုင်ပါတယ်။)

(၈) အမျိုးသမီးရောဂါ ဖြစ်နေပါ သလား။ ကွေကာအုပ် (အကြမ်း) နေ့စဉ် စားပေးပါ။ (သားအိမ်အတွင်း မြှေးများကို ကောင်းကျိုး ပြုပါတယ်။)

(၉) ခြေစွယ်ငုပ်ပြီး ပြည်တည် နေပါသလား။ ဇလုံတစ်ခုထဲမှာ ရေနွေး တစ်ခွက်ကို ဟင်းခပ်ဇွန်း တစ်ဇွန်းရော၍ ခြေထောက် ထည့်စိမ်ပေးပါ။ (မိနစ် ၂ဝ ခန့်ကြာအောင် တစ်နေ့နှစ်ကြိမ် ခြေထောက် စိမ်ပေးရပါမယ်။)

(၁ဝ) လေပွနေပါသလား။ နာနတ်သီး လတ်လတ်ဆတ်ဆတ် တစ်စိတ်လောက်ကို ညက်ညက် ဝါးစားပေးလိုက်ပါ။

(၁၁) မှင်ရောဂါကြောင့် အသားတွေ ရောင်ကိုင်းနာကျင် နေပါသလား။ ပူဒီနာရွက် များများစားပါ သို့မဟုတ် ပူဒီနာရွက်အဆီ လိမ်းပေးပါ။

(၁၂) ခါးနာနေပါသလား။ နေ့စဉ် စပျစ်သီး လက်တစ်ဆုပ် လောက်စားပေးပါ။

(၁၃) သွေးယားယံခြင်း ရောဂါ ခံစားနေရပါသလား။ သောက်ရေ သန့်သန့် ရှစ်ခွက်လောက် နေ့စဉ် သောက်သုံးပေးပါ။ (သွေးရောဂါ အမျိုးမျိုးတို့ကို ပျောက်ကင်း စေတဲ့အပြင် သွေးသန့် စေပါတယ်။)

(၁၄) နာတာရှည် ကိုယ်အရေပြား ရောင်ရမ်းနာ ဖြစ်နေပါသလား။ သဘာဝပျားရည် စစ်စစ်ကို တစ်နေ့ လေးကြိမ်လောက် လိမ်းပေးပါ။

(၁၅) ကိုယ်ခံအားနည်းလို့ မကြာခဏ နေမကောင်း ဖြစ်နေပါသလား။ အိုမီဂါ ၃ ဖက်တီးအက်စစ် ကြွယ်ဝတဲ့ အဝါရောင် ဂုန်လျှော်စေ့ (ဂုန်လျှော်ပင်ရဲ့ အစေ့)ကို နေ့စဉ် လက်ဖက်ရည် ဇွန်းသုံးဇွန်း စားပေးပါ။ (အမျိုးသမီးများ သားမြတ် (ရင်သား) ရောင်ရမ်း နာကျင်မှုကိုပါ ပျောက်ကင်း စေပါတယ်။)

(၁၆) ခေါင်းတစ်ခြမ်း ကိုက်နေပါသလား။ ကော်ဖီပူပူလေး ဖျော်သောက် လိုက်ပါ။

(၁၇) ခြေသလုံးသားတွေ မကြာခဏ ကြွက်တက် နေပါသလား။ ပိုတက်စီယမ် ကြွယ်ဝတဲ့ ခရမ်းချဉ်သီး မှည့်မှည့်ကို နေ့စဉ်စားပေးပါ။ (ကိုင်းခရမ်းချဉ်သီး မဟုတ်ပါ။)

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger