www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, May 10, 2016

လာမည့်ပညာသင်နှစ် ဇွန်လကျောင်းဖွင့်ချိန်တွင် ကျောင်းပြင်ပ အလယ်တန်း စာတတ်မြောက်ရေး လှုပ်ရှားမှုအဖြစ် စတင်နိုင်ရန် သင်ရိုးညွှန်းတမ်းများ ရေးဆွဲထား



ရန်ကုန် ၊ ၁၀-၅-၂၀၁၆

လာမည့် ပညာသင်နှစ် ဇွန်လ ကျောင်းဖွင့်ချိန်တွင် ကျောင်းပြင်ပ အလယ်တန်း စာတတ်မြောက်ရေး လှုပ်ရှားမှုအဖြစ် စတင်နိုင်ရန် သင်ရိုးညွှန်းတမ်း များ ရေးဆွဲထားကြောင်း မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာနမှ သိရသည်။

လာမည့် ပညာသင်နှစ် ဇွန်လ ကျောင်းဖွင့်ချိန်တွင် ကျောင်းပြင်ပ အလယ်တန်း စာတတ်မြောက်ရေး လှုပ်ရှားမှု အဖြစ် လှိုင်သာယာ၊ ဒလ၊ မြစ်ကြီးနား၊ စစ်တွေ၊ ကျုက်ထိုနှင့် လွိုင်ကော်မြို့တို့၌ စတင်လျက်ရှိပြီး ယင်းဒေသရှိ ကျောင်းသား၊ ကျောင်းသူများ သင်ယူနိုင်စေရန် သင်ရိုးညွှန်းတမ်း ရေးဆွဲထားပြီး ဖြစ်ကြောင်း သိရသည်။

''အသက် ၁၃ နှစ်နဲ့အထက် ကျောင်းပြင်ပ မူလတန်း ပြီးဆုံးသွားတဲ့ ကလေးတွေ၊ အလယ်တန်း မပြီးဆုံးဘဲ ကျောင်းထွက်သွား ရတဲ့ ကလေးတွေနဲ့ မူလတန်း ပြီးဆုံးပြီးတော့ အလယ်တန်း မတက်နိုင်တဲ့ ကလေးတွေကို သင်ကြား ပေးပါမယ်။ ကျောင်းပြင်ပ အခြေစိုက် စခန်းတွေမှာ သင်ယူနိုင်အောင် ဆောင်ရွက် သွားမယ်'' ဟု မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့ပြင် ပညာရေးဝန်ကြီး ဌာနမှ ၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ်တွင် အခမဲ့ မူလတန်း ပညာရေးစနစ် ကျင့်သုံးခဲ့ သော်လည်း မူလတန်း မပြီးဆုံးသေးသည့် ကလေးများစွာ ရှိနေကာ လက်ရှိတွင် ကျောင်းပြင်ပ လှုပ်ရှားမှုအဖြစ် မြို့နယ် ၉၄ မြို့နယ်၌ ဆောင်ရွက်နေပြီး အလယ်တန်း အဆင့် အထိသာ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ကျောင်းပြင်ပ မူလတန်း ပညာရေးကို ၂ဝဝ၈ ခုနှစ်တွင် မြို့နယ် ငါးမြို့နယ်၌ စတင်သင်ကြား ပေးခဲ့ပြီး ၂ဝ၁၄ ခုနှစ်တွင် မြို့နယ် ၈၉ မြို့နယ်နှင့် ၂ဝ၁၅ ခုနှစ်တွင် မြို့နယ် ၉၄ မြို့နယ်အထိ တိုးချဲ့သင်ကြား ပေးခဲ့သည်။ ၂ဝ၁၅ ခုနှစ်တွင် ကျောင်းပြင်ပ မူလတန်း ပညာရေး စာသင်ခန်း ၅၇၁ ခန်း ဖွင့်လှစ်၍ သင်တန်းသား ၁ဝဝဝဝ ကျော် ကို ဆရာအင်အား ၁ဝဝဝ ကျော်ဖြင့် ဇွန်လတွင် စတင်ဖွင့်လှစ် သင်ကြားပေး ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကျောင်းပြင်ပ မူလတန်း ပညာရေး အစီအစဉ်ကို ပညာရေး ဝန်ကြီးဌာန၊ ယူနီဆက်ဖ် နှင့် ပြင်ပ အလှူရှင်များက ပံ့ပိုးကူညီမှုများ ပြုလုပ်လျက် ရှိပြီး သင်ယူ တတ်မြောက် ခဲ့သူ စုစုပေါင်း ၅၆ဝဝဝ ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger