www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, May 12, 2016

သရက်သီးစိတ် များကို အေးခဲသရက်ပြုလုပ်၍ တောင်ကိုရီးယား သို့ တင်ပို့သွားမည်



ရန်ကုန် ၊ ၁၂-၅-၂၀၁၆

မြန်မာနိုင်ငံမှ ထွက်ရှိသော စိန်တစ်လုံး သရက်သီးကို အလုံးလိုက် သာမက သရက်သီး အနှစ်နှင့် သရက်သီး အစိတ်များကို အေးခဲသရက် ပြုလုပ်၍ တောင်ကိုရီးယား နိုင်ငံသို့ တင်ပို့သွားမည် ဖြစ်ကြောင်း တောင်ကိုရီးယား နိုင်ငံသို့ တင်ပို့ ရောင်းချရန် စာချုပ်ချုပ်ဆို ထားသည့် သဇင်နွယ် ကုမ္ပဏီမှ သိရသည်။

စိန်တစ်လုံး သရက်သီးကို တရုတ်နိုင်ငံ သို့ အဓိကထား တင်ပို့ရောင်းချ နေရာမှ လက်ရှိတွင် တောင်ကိုရီးယား နိုင်ငံ MOIKO ကုမ္ပဏီက ပြည်တွင်းမှ ထွက်ရှိသမျှ စိန်တစ်လုံး သရက်သီးများကို ဝယ်ယူသွားမည် ဖြစ်ပြီး မေလကုန်မှ စတင်၍ ရေကြောင်းမှ အအေးခန်း ကွန်တိန်နာဖြင့် တောင်ကိုရီးယား နိုင်ငံသို့ တင်ပို့နိုင်ရေး စတင်ပြင်ဆင် နေပြီဖြစ်ကြောင်း သိရသည်။

စိန်တစ်လုံး သရက်သီးကို တစ်နှစ်အတွင်း တင်ပို့ရန် တောင်ကိုရီးယား ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆို ထားသော်လည်း ဇွန်လအထိသာ တင်ပို့နိုင်မည့် အပြင် ထွက်နှုန်း အာမခံချက် မရှိသဖြင့် တင်ပို့မည့် တန်ချိန်ကို လည်း စာချုပ်ချုပ်ဆို ထားခြင်း မရှိကြောင်း နှင့် လက်ရှိတွင် ရသလောက်သာ တင်ပို့သွားမည် ဖြစ်ကြောင်း သဇင်နွယ် ကုမ္ပဏီမှ သိရသည်။

မန္တလေးတိုင်း ဒေသကြီး အတွင်း စိန်တစ်လုံး သရက်သီး အဓိက ထွက်ရှိရာ ကျောက်ဆည်၊ မိတ္ထီလာ နှင့် ရမည်းသင်း မြို့နယ်တို့၌ ဧပြီလနှင့် မေလဆန်းပိုင်း က တိုက်ခတ်ခဲ့သည့် လေပြင်းနှင့် မိုးသီးများကြောင့် သရက်သီး ၈ဝ ရာခိုင်နှုန်းခန့် ကြွေကျသဖြင့် တောင်ကိုရီးယား ကုမ္ပဏီသို့ လိုအပ် သလောက် ပေးပို့နိုင်ခြင်း မရှိဘဲ ကြွေကျသော အသီးများကိုသာ သရက်သီး အနှစ်နှင့် သရက်ပျဉ်များ အဖြစ် တင်ပို့မည် ဖြစ်ကြောင်း သိရသည်။

သဲသဲ

မြ၀တီနေ့စဉ် ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger