www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, May 13, 2016

မြန်မာနိုင်ငံကို ဆွဲဆောင်မှု အကောင်းဆုံးနိုင်ငံအဖြစ် ထိန်းသိမ်းနိုင်ပါက ၂၀၂၀ ပြည့်နှစ်အတွင်း ထိပ်တန်းအဆင့်နိုင်ငံသို့ ရောက်ရှိရန် ခန့်မှန်းထား



ရန်ကုန် ၊ ၁၃-၅-၂၀၁၆

ခရီးသွားကဏ္ဍ တွင် မြန်မာနိုင်ငံသည် ဆွဲဆောင်မှု အကောင်းဆုံးနိုင်ငံ အဖြစ် နိုင်ငံတကာ၏ အသိအမှတ် ပြုမှုကို ဆက်လက် ထိန်းသိမ်း နိုင်ပါက ၂ဝ၂ဝ ပြည့်နှစ်အတွင်း နိုင်ငံပေါင်း ၁ဝဝ တွင် ထိပ်တန်းအဆင့် နိုင်ငံသို့ ရောက်ရှိရန် ခန့်မှန်းထား ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

''ကမ္ဘာ့ခရီးသွား ကောင်စီ (WTTC) က မြန်မာနိုင်ငံရဲ့ ခရီးသွားဖွံ့ဖြိုး တိုးတက်မှုတွေ ဆက်လက်ထိန်းသိမ်း ထားနိုင်ရင် ထိပ်တန်းစာရင်း ထဲပါလာနိုင် ပါတယ်။ ထိပ်တန်းစာရင်း ထဲမှာပါဝင် နိုင်ဖို့ စီမံချက်တွေ ချမှတ် ဆောင်ရွက် သွားပါမယ်'' ဟု ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင့်သွင် က ပြောသည်။

မြန်မာနိုင်ငံသည် ထိပ်တန်းအဆင့် နိုင်ငံအဖြစ် ရောက်ရှိနိုင်ရန် ခရီးသွား လုပ်ငန်း နယ်ပယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ လုပ်ငန်း ရှင်များ၊ ပြည်သူလူထုများ အပေါ်တွင် မူတည် ပါကြောင်း၊ ခရီးသွား ဖွံ့ဖြိုး တိုးတက်မှုနှင့် အတူ မိမိတို့၏ ရိုးရာ ယဉ်ကျေးမှုများ မပျောက်ပျက် စေရေး၊ သဘာဝ အခြေအနေများ ပျက်စီးမှုမရှိ စေရေး၊ သဘာဝ ပတ်ဝန်းကျင်များ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေး၊ ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရေး၊ ဂေဟစနစ် ပျက်စီး ချွတ်ယွင်းမှု မရှိစေရေး၊ စည်းကမ်းမဲ့ အမှိုက် စွန့်ပစ်မှုများ မရှိစေရေး၊ သန္တာ ကျောက်တန်း များနှင့် သဘာဝ မျိုးစိတ်များ မပျက်စီးစေရေး၊ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ အားဆွဲ ဆောင် နိုင်မည့် အစီအစဉ်များ ဖြစ်သည့် Night Bazaar / Night Life များဖော်ထုတ်ရေး စသည်တို့ကို ဆောင်ရွက် သွားမည် ဖြစ်သည်။

ထို့ပြင် တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီးရှိ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းဆိုင်ရာ အချက်အလက် များကို လည်းကောင်း၊ လူထု အခြေပြု ခရီးသွား လုပ်ငန်း ဖော်ဆောင်နိုင်မည့် အခြေအနေ များကို လည်းကောင်း၊ ခရီးစဉ်ဒေသ အသစ် ဖော်ထုတ်ခြင်း၊ ခရီးစဉ် ဒေသများ မြှင့်တင် ကြော်ငြာခြင်း များကို လည်းကောင်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်းလမ်း များကို လည်းကောင်း၊ နယ်စပ် ဖြတ်ကျော်ခြင်း ခရီးစဉ်များ ဝင်ရောက် ထွက်ခွာမှု အခြေအနေ များကို လည်းကောင်း၊ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်များ လုံခြုံစိတ်ချစွာ သွားလာနိုင်ရေး ကိစ္စရပ် များကို လည်းကောင်း ဒေသခံများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger