www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 11, 2016

အင်းလေးကန်ရေ သိသိသာသာ လျော့နည်းနေသော်လည်း နိုင်ငံခြားခရီးသွား ဧည့်သည်ဝင်ရောက်မှု မှာ ၂၀၁၅ ခုနှစ်ထက် ၂၈ ရာခိုင်နှုန်းပိုတိုးလာ



ညောင်ရွှေ ၊ ၁၁-၅-၂၀၁၆

မြန်မာနိုင်ငံ၏ အဓိကကျသော ခရီးသွားနေရာ တစ်ခုဖြစ်သည့် ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် ရှိ အင်းလေးကန် သည် အယ်လ်နီညို ဖြစ်စဉ်ကြောင့် ကန်ရေ သိသိသာသာ လျော့နည်း နေသော်လည်း နိုင်ငံခြား ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ၂ဝ၁၅ ခုနှစ်ထက် ၂၈ ရာခိုင်နှုန်း ပိုတိုး လာကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။

ပြီးခဲ့သည့်နှစ်က အင်းလေးကန်သို့ နိုင်ငံတကာ ခရီးသွားဧည့်သည် ၁၃ဝဝဝဝ ကျော် လာရောက်ခဲ့ပြီး ယခုနှစ် ဧပြီလအထိ နိုင်ငံခြား ခရီးသွား ဧည့်သည် ၈ဝဝဝဝ ဝန်းကျင်ခန့် ဝင်ရောက်ခဲ့ရာ အဆိုပါ ပမာဏသည် ၂ဝ၁၅ ခုနှစ်နှင့် နှိုင်းယှဉ်ကြည့်ပါက ၂၈ ရာခိုင်နှုန်း ပိုတိုးလာခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြား ခရီးသွားဧည့်သည် များသည် အင်းလေးကန်ကို သွားရောက် လည်ပတ်သင့်သော နေရာတစ်ခု အဖြစ် သတ်မှတ် ထားခြင်းကြောင့် အင်းလေးကန် သည် မြန်မာနိုင်ငံ၏ အဓိကကျသော ခရီးသွားနေရာ ဖြစ်နေသည့် အပြင် ခရီးသွား အများစုကလည်း လက်ရှိ အချိန်ထိ လာရောက် လည်ပတ်နေဆဲ ဖြစ်သည်။

အင်းလေးကန်သည် ၂ဝ၁၄ ခုနှစ် မိုးရေများ ချိန်တွင် ကန်အလယ်ရှိ ရေမှာ ၁ဝ ပေခန့် ရှိခဲ့သော်လည်း ယခုနှစ်တွင် ၃ ပေခန့် လျော့နည်းသွားပြီး ကန်ဘေးရှိ ရွာများသို့ လှေဖြင့်သွား၍ မရနိုင် တော့ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အင်းလေးကန်၌ မိုးရွာသွန်း ခဲ့သော်လည်း ကန်ရေများစွာ မြင့်တက်လာခြင်း မရှိသေးကြောင်း သိရသည်။

''လောလောဆယ် ရေတွေ ကျနေတယ် ဆိုပေမယ့် ကာကွယ် တားဆီးမှုတွေကို ဟိုတယ် နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနအပြင် သယံဇာတ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်နယ် အစိုးရအဖွဲ့နဲ့ နိုင်ငံ တကာ အဖွဲ့အစည်း တွေကပါ ဝိုင်းဝန်းလုပ်ကိုင် နေတော့ တဖြည်းဖြည်းနဲ့ အရင်အတိုင်း ပြန်ဖြစ်လာမှာပါ'' ဟု Save the Inlay Lake အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၁၇)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger