www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, May 20, 2016

ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းတို့မှ သင်တန်းသား ၊ သင်တန်းသူများ လေ့လာရေးခရီး သွားရောက်




နေပြည်တော် ၊ ၂၀-၅-၂၀၁၆

ရေကြောင်းလူငယ် အခြေခံ သင်တန်းနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂ဝ၁၆) စခန်း ပေါင်းစုံမှ သင်တန်းသား၊ သင်တန်းသူ များနှင့် နည်းပြများ ပါဝင်သော လေ့လာရေး အဖွဲ့သည် တာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းတွင် သန်လျင် တပ်နယ်ရှိ ရေတပ် လေ့ကျင့်ရေး ဌာနချုပ်သို့ သွားရောက်ေ လ့လာကြရာ သီရိမဟာ ဇေယျာကျော်ထင် ခန်းမ၌ ရေတပ် လေ့ကျင့်ရေး ဌာနချုပ်နှင့် ပတ်သက်သည့် သမိုင်းကြောင်း များအား တာဝန်ရှိသူ တစ်ဦးက ရှင်းလင်း ပြောကြားသည်။

ထို့နောက် လေ့လာရေး အဖွဲ့သည် ရေတပ် လေ့ကျင့်ရေး ဌာနချုပ်ရှိ သင်တန်း ခန်းမများသို့ ဆက်လက် လေ့လာကြရာ စာသင်ဆောင် များတွင် ဘာသာရပ် အလိုက် သင်ကြားပို့ချ နေမှုများ၊ ရေကြောင်း ပညာဆိုင်ရာ အသိပညာ ဗဟုသုတ များအား တာဝန်ရှိသူ များက လိုက်လံ ရှင်းလင်းပြသ ကြပြီး သမိုင်းဝင် စစ်ရေယာဉ် မေယု အား သွားရောက် ကြည့်ရှုလေ့လာ ခဲ့ကြကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger