www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, May 15, 2016

ရေကူးရင်း သက်တောင့်သက်သာ အသက်ရှူနိုင်မည့် စနော်ကယ်ပုံစံသစ် ကို Ameo ကုမ္ပဏီဖန်တီး




ဝါရှင်တန် ၊ ၁၅-၅-၂၀၁၆

Ameo ကုမ္ပဏီက ရေအောက် အသက်ရှူကိရိယာ (စနော်ကယ်) များ အလုပ်လုပ်ပုံကို တိုးတက် ပြောင်းလဲ စေနိုင်မည့် စနော်ကယ် ပုံစံသစ်တစ်မျိုး ဖန်တီးလိုက်ပြီ ဖြစ်ရာ ၄င်းမှာ ရေကူးသူများ အတွက် အသက်ရှူရန် ဦးခေါင်းအား တစ်ဖက်သို့ လှည့်ပေးရသည့် လိုအပ်ချက်ကို ဖျောက်ပေးနိုင်ပြီး ရေကူးရင်း သက်သောင့် သက်သာ အသက်ရှူနိုင်ရန် အတွက် လုပ်ဆောင်ပေး နိုင်မည် ဖြစ်ကြောင်း သိရသည်။

Ameo ၏ Powerbreather စနော်ကယ် အသက်ရှူ ကိရိယာသည် သာမန် စနော်ကယ် များနှင့် မတူဘဲ ရေကူးနေချိန် အသက်ရှူ နိုင်ရန်အတွက် ဦးခေါင်းကို ဘေးဘက်သို့ စောင်းပေးရန် မလိုအပ်စေရန် သာမန် စနော်ကယ် များ၏ ပိုက်တစ်ချောင်းတပ် ပုံစံအစား ပိုက်နှစ်ချောင်း တပ်ဆင် ထားကြောင်း သိရသည်။

Powerbreather ကို တပ်ဆင်လိုက်သည့် အခါ ဦးခေါင်း၏ လက်ဝဲနှင့် လက်ယာဘက်တွင် ပိုက်တစ်ချောင်းစီ ရှိနေ၍ ရေကို လက်ပစ်ကူးရာ၌ အသက်ရှူ ခြင်းကို အထောက်အကူ ပြုပေးသည်။ အသက်ရှူခွက် ထဲတွင်လည်း Ameo လေသန့်စင် စနစ်ဟု ခေါ်သည့် အထူး ပြုလုပ်ထားသော အမြှေးပါး တစ်မျိုးကို တည်ဆောက် ထားသည်။

အဆိုပါ အမြှေးပါးက လေမှ အညစ်အကြေး များကို စစ်ပေးနိုင်ပြီး အသက်ရှူထုတ် သော အချိန်တွင်လည်း ရှူထုတ်လိုက် သောလေက အမြှေးပါးကို ဖြတ်သန်းကာ ရေထဲသို့ ရောက်ရှိသည်။ ထို့နောက် အသက်ထပ်မံ ရှူသွင်း သည့်အခါ မူလက ရှူထုတ်ထားသော လေတို့ကို ပြန်လည်ရှူသွင်း မိခြင်းမှ ကာကွယ် ပေးနိုင်ပြီး ရှူသွင်းမိသော ကာဗွန်ဒိုင် အောက်ဆိုက် ပမာဏကိုလည်း လျှော့ချပေး နိုင်မည် ဖြစ်ကြောင်း သိရသည်။

Powerbreather ကို အသုံးပြု သည့်အခါ အသက်ရှူခွက်ကို နှာခေါင်းမှ ပါးစပ်ထိ လုံခြုံစွာ ပိတ်ထားပေး သဖြင့် အသုံးပြုသူက နှာခေါင်းနှင့် ဖြစ်စေ၊ ပါးစပ်နှင့်ဖြစ်စေ နှစ်မျိုးလုံးဖြင့် အသုံးပြုနိုင် သောကြောင့် လေကို လုံလောက်စွာ ရှူသွင်းနိုင်မည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger