www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 11, 2016

သတ်မှတ်နယ်မြေ ကျော်လွန်ဝင်ရောက် လာသည့် SSA(၀မ်ဟိုင်း) အဖွဲ့အား တပ်မတော်မှ လိုက်လံရှင်းလင်းစဉ် တိုက်ပွဲများ ဖြစ်ပွား



SSA(၀မ်ဟိုင်း) အဖွဲ့ထံမှ သိမ်းဆည်းရမိ လက်နက်ခဲယမ်းများ ၊မိုင်းများနှင့် ဆက်စပ်ပစ္စည်းများကို တွေ့ရစဉ်


နေပြည်တော် ၊ ၁၁-၄-၂၀၁၆

ဒို့တာဝန် အရေးသုံးပါးနှင့် ပြည်သူလူထု ၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ရေး၊ နိုင်ငံနှင့်အဝှမ်း တည်ငြိမ် အေးချမ်းရေး နှင့် ဖွံ့ဖြိုး တိုးတက်ရေးတို့ အတွက် တပ်မတော်က အသက်သွေးချွေး တို့ဖြင့် ရင်းနှီး ပေးဆပ်ကာ ကြိုးပမ်း ဆောင်ရွက် ပေးလျက် ရှိသော်လည်း အချို့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေဖြင့် NCA စာချုပ်ကို လက်မှတ် ရေးထိုးခြင်း မပြုဘဲ အကြောင်း အမျိုးမျိုးပြကာ ရှောင်ရှားပြီး ပြည်သူလူထု ထံမှ ဆက်ကြေး ကောက်ခြင်း၊ တိုင်းရင်းသား လူငယ်များကို အဓမ္မ ဖမ်းဆီးကာ လူသစ် စုဆောင်းခြင်းများ၊ နယ်မြေချဲ့ထွင် ဝင်ရောက် လှုပ်ရှားခြင်းများ ဆောင်ရွက်လျက် ရှိသည်။

၂ဝ၁၅ ခုနှစ် စက်တင်ဘာလ အတွင်းက SSA (ရွက်ဆစ်) အဖွဲ့သည် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ဆန်၊ ကျောက်မဲမြို့နယ် များအတွင်းသို့ နယ်မြေကျော်လွန် ဝင်ရောက် ခဲ့သဖြင့် SSA (ရွက်ဆစ်) အဖွဲ့နှင့် TNLA အဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ကျောက်မဲခရိုင်အတွင်းမှ ဒေသခံ ပြည်သူများ ကျောက်မဲမြို့ပေါ် နှင့်မိုးမိတ်၊ နန့်ခမ်းမြို့နယ် များရှိ ကျေးရွာများသို့ ထွက်ပြေး တိမ်းရှောင် ခဲ့ကြရသဖြင့် တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်း ဆောင်ရွက်ခဲ့ ရသည်။

ယခုအခါ တွင်လည်း ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့နယ် အတွင်း လွယ်လတ်၊ မန်ပိုင်၊ လွယ်တန်နှင့် မုံးပေါ်ကျေးရွာ အုပ်စုများရှိ ကျေးရွာများမှ ရှမ်းတိုင်းရင်းသား လူမျိုးများကို KIA ၊ TNLA အဖွဲ့များက အဓမ္မလူသစ် စုဆောင်းခြင်း၊ မူးယစ်ဆေးဝါး သုံးစွဲသည်ဟု အကြောင်းပြကာ ဖမ်းဆီး ခေါ်ဆောင် ခြင်းနှင့် ကျေးရွာများမှ ဆက်ကြေး၊ ရိက္ခာ ကောက်ခံခြင်းတို့ ဆောင်ရွက်ခဲ့ရာ ယင်းလုပ်ဆောင်ချက် များကို ကာကွယ်ပေးရန် အကြောင်းပြ၍ ယခုနှစ် နှစ်ဆန်းပိုင်းတွင် SSA (ဝမ်ဟိုင်း) အဖွဲ့သည် ယင်းနယ်မြေသို့ ကျော်လွန်ဝင်ရောက် လှုပ်ရှား လာခဲ့သည်။ နယ်မြေဒေသ တည်ငြိမ်အေးချမ်း ရေးအတွက် တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းခဲ့ရာ မတ် ၂၈ ရက်နှင့် ၂၉ ရက် တို့တွင် တီးမားကျေးရွာ နှင့် မုံးပေါ်ကျေးရွာ အကြား ထိတွေ့တိုက်ပွဲ ၄ ကြိမ်၊ ပန်းနား ကျေးရွာအနီး တွင် ၁ ကြိမ် စုစုပေါင်း ၅ ကြိမ်ဖြစ်ပွား ခဲ့ကာ SSA (ဝမ်ဟိုင်း) အဖွဲ့များ ဆုတ်ခွာထွက်ပြေး ခဲ့ပြီး အလောင်း သုံးလောင်း နှင့် ၄င်းတို့ယာယီ အခြေပြု နေထိုင်ခဲ့သော ပစ်ကျင်းများ ပတ်ပတ်လည် တူးထားသည့် ယာယီတဲ များအား သိမ်းဆည်း ရမိခဲ့သည်။

ဆုတ်ခွာသွားသော SSA (ဝမ်ဟိုင်း) အဖွဲ့အား လိုက်လံပိတ်ဆို့ ရှင်းလင်းရာ မတ် ၃ဝ ရက်မှ ဧပြီ ၅ ရက်အထိ  SSA(ဝမ်ဟိုင်း) အဖွဲ့မှ တပ်ဖွဲ့ဝင် ၂ဝ ဦးအား ဖမ်းဆီးရမိ ခဲ့ကာ ၄င်းတို့အား စစ်ဆေးမေးမြန်း ခဲ့ပြီး ထွက်ဆိုချက် များအရ သိုဝှက်ထားသော နေရာ အသီးသီးမှ လက်နက်မျိုးစုံ ၄၉ လက်၊ ကျည်အိမ် မျိုးစုံ ၁ဝ၉ ခု၊ ကျည်မျိုးစုံ ၄၁၂ဝ တောင့်၊ မိုင်းမျိုးစုံ ၃၆ လုံး၊ ဗုံးသီးမျိုးစုံ ၅၅ လုံး၊ လက်ပစ်ဗုံး ရှစ်လုံး၊ ဆက်စပ်ပစ္စည်းများ၊ ဘိန်းဖြူမှုန့် အနည်းငယ်နှင့် ပန်းရောင် စိတ်ကြွ ရူးသွပ် ဆေးပြားများ၊ လမ်းလျှောက် စကားပြောစက်များ၊ ဖုန်းများ၊ SSA လက်မောင်း တံဆိပ်ပါ ယူနီဖောင်းများ၊ ရိက္ခာများ၊ ငွေကြေးတချို့ နှင့် အခြား အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်း ရမိခဲ့သည်။

တပ်မတော် စစ်ကြောင်းများက နယ်မြေပိတ်ဆို့ ရှင်းလင်းစဉ် တိုက်ပွဲဖြစ်စဉ်များ အပေါ် အာရုံလွှဲရန် အတွက် မူဆယ်၊ လားရှိုး၊ သိန်းနီ၊ ကွတ်ခိုင်မြို့များနှင့် ပြည်ထောင်စု လမ်းမ ကြီးပေါ်တွင် SSA (ဝမ်ဟိုင်း) အဖွဲ့က ဖောက်ခွဲ ဖျက်ဆီးရေး ပြုလုပ်မည် ဖြစ်ကြောင်း သတင်း ရရှိသဖြင့် တပ်မတော် စစ်ကြောင်းများက ပိတ်ဆို့ရှင်းလင်းမှု ပြုလုပ်ခဲ့ရာ မတ် ၃ဝ ရက် ည ၁၁ နာရီခန့်တွင် မူဆယ်မြို့၊ ကောင်းမှုတုံ ရပ်ကွက်၊ ပြည်ထောင်စု လမ်းမကြီးနှင့် ပန်လုံ ၄ လမ်းထိပ် နေရာ၌ ဖောက်ခွဲဖျက်ဆီး ရန်ရောက် ရှိနေသော SSA (ဝမ်ဟိုင်း) အဖွဲ့ဝင်တစ်ဦး အား ပစ္စတို တစ်လက်၊ ၄င်းကျည် ၁၅ တောင့်၊ ကျည်အိမ် တစ်ခု၊ ဖောက်ခွဲရေး ပြုလုပ်ရာတွင် အသုံးပြုသော ယမ်းနှင့် ဆက်စပ်ပစ္စည်းများ နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။

SSA (ဝမ်ဟိုင်း) အဖွဲ့များ အနေဖြင့် သတ်မှတ်နေရာ အတွင်း နေထိုင်ခြင်း မရှိဘဲ အကြောင်း အမျိုးမျိုးပြကာ လက်နက်ကိုင် ဆောင်၍ တိုင်းရင်းသား ပြည်သူလူထု အေးချမ်းစွာ နေထိုင်လျက် ရှိသော ဒေသများအတွင်း သို့ နယ်မြေကျော်လွန် ဝင်ရောက်လာ ခြင်းကြောင့် တပ်မတော် စစ်ကြောင်းများနှင့် ထိတွေ့ တိုက်ပွဲဖြစ်ပွား ရခြင်းဖြစ်ပြီး နယ်မြေဒေသ တည်ငြိမ် အေးချမ်းရေးနှင့် လုံခြုံရေး၊ ပြည်သူ လူထု၏ အသက်အိုးအိမ် စည်းစိမ် ကာကွယ် စောင့်ရှောက်ရေး အတွက် တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်း ခြင်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger