www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, April 21, 2016

Huawei က HAINA 2016 အစီအစဉ်ကို နည်းပညာတက္ကသိုလ် (သန်လျင်)၌ ဖွင့်လှစ်ထားပြီး ICT နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကူညီမည်



ရန်ကုန် ၊ ၂၁-၄-၂၀၁၆

နည်းပညာ ကုမ္ပဏီတစ်ခု ဖြစ်သော Huawei က ပညာရေးဖွံ့ဖြိုး တိုးတက် လာစေရေး HAINA 2016 (Huawei Authorized Information and Network Academy (HAINA Program) အစီအစဉ်ကို နည်းပညာ တက္ကသိုလ် (သန်လျင်)၌ ဖွင့်လှစ်ထားပြီး ICT နည်းပညာဖွံ့ဖြိုး တိုးတက်လာရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

''ံHuawei အကယ်ဒမီက မျိုးဆက်သစ် လူငယ်တွေ အတွက် ICT ဗဟုသုတတွေ ပိုမိုရရှိစေပြီး Huawei ကပေးအပ်တဲ့ ICT အသိအမှတ်ပြု လက်မှတ်ကို ရနိုင်တဲ့ အခွင့် အရေးလည်း ရှိတာကြောင့် အလွန် ကောင်းမွန်တဲ့ အစီအစဉ် ဖြစ်ပါတယ်'' ဟု အဆိုပါ တက္ကသိုလ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ HAINA အစီအစဉ်သည် Huawei ၏ တက္ကသိုလ် များနှင့် အတူတကွ ပြုလုပ်နေသော မိတ်ဖက် အစီအစဉ် တစ်ခုဖြစ်ပြီး Huawei ၏ လေ့ကျင့်မှုနှင့် အသိအမှတ်ပြု လက်မှတ်ရ သင်တန်းများကို အဆိုပါ ကျောင်းများ၏ သင်ရိုး ညွှန်းတမ်းတွင် ထည့်သွင်း စေခြင်းဖြင့် မြန်မာနိုင်ငံ၏ ပညာရေးတွင် ICT နည်းပညာဖွံ့ဖြိုး တိုးတက် လာရေးကို ပံ့ပိုးပေးရန်ရည်ရွယ် ပြုလုပ်ခြင်း ဖြစ်သည်။

ICT နည်းပညာ ဖွံ့ဖြိုးတိုးတက် လာစေရေးကို အထောက်အကူ ဖြစ်စေမည့် အစီအစဉ် သဘောတူ ညီချက်ကို ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၁၄ ရက်က သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနနှင့် Huawei တို့ပူးပေါင်း၍ လက်မှတ်ရေးထိုး ခဲ့ကြပြီးနောက် HAINA အစီအစဉ်ကို ပြုလုပ်ခြင်း ဖြစ်သည်။

Huawei သည် နည်းပညာ တက္ကသိုလ် (သန်လျင်)၌ လက်တွေ့ အသုံးပြုနိုင်မည့် စက်ပစ္စည်းများ၊ ပါမောက္ခများကို သင်တန်း ပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများ အတွက် အထူး ပြုစုထားသော သင်ရိုးညွှန်းတမ်း များကိုလည်း ပံ့ပိုးကူညီ ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက် ရှိသည်။

Huawei သည် နိုင်ငံပေါင်း ၂ဝ ကျော်တွင် HAINA သင်ရိုးကို နေရာ ၁၄ဝ ကျော်၌ ဖွင့်လှစ်တည်ထောင် ပေးခဲ့ပြီး ၂ဝ၁၅ ခုနှစ်အတွင်း ကျောင်းသားပေါင်း ၅ဝဝဝ ကျော်ကို လေ့ကျင့်သင်ကြား ပေးခဲ့ပြီး ဖြစ်ကြောင်း၊ စပိန်နိုင်ငံရှိ Alicante University ၊ ဗြိတိန်နိုင်ငံရှိ University of Reading နှင့် ဟောင်ကောင် City University တို့၌ HAINA အစီအစဉ်မှာ အထူးပင် အောင်မြင်လျက် ရှိကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger