www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, April 24, 2016

လေပြင်း တိုက်ခတ်မှုကြောင့် မွေတော်ကက္ကူဘုရား ပျက်စီးမှုဖြစ်ပွား


လေပြင်းတိုက်ခတ်မှုကြောင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့နယ် ၊ ကက္ကူကျေးရွာရှိ မွေတော်ကက္ကူဘုရားများ ပျက်စီးနေမှုကို တွေ့ရစဉ်

မွေတော်ကက္ကူဘုရားဝင်း အတွင်းရှိ ဗောဓိညောင်ပင် သစ်ကိုင်းများအား တပ်မတော်သားများက ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးစဉ်

နေပြည်တော် ၊ ၂၄-၄-၂၀၁၆

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီး မြို့နယ်ခွဲ၊ ကက္ကူကျေးရွာ အုပ်စု၊ ကက္ကူကျေးရွာ ရှိ မွေတော်ကက္ကူ ဘုရားဝင်း အတွင်း ဧပြီ ၂၂ ရက် ည ၇ နာရီခွဲမှ ၈ နာရီထိ လေပြင်း တိုက်ခတ်မှုကြောင့် စေတီပေါင်း ၂၄၈ဝ ခန့် ရှိသည့်အနက် စေတီ စုစုပေါင်း ၈၆၉ ဆူခန့် ပျက်စီးခဲ့ပြီး ဖောင်းရစ်တော် များသည် မြေခပျက်စီးခြင်း၊ ဆုတောင်းပြည့် အသောက စေတီတော်မြတ် ကြီးသည် ကြာမှောက်၊ ကြာလန် အထက်မှ မြေခပြိုကျ ပျက်စီးခြင်း၊ ဖောင်တော်ဆိုက် စေတီတော် မြတ်ကြီး သည် စိန်ဖူးတော်၊ ငှက်မြတ်နားတော် နှင့် ထီးတော်အချို့ ပျက်စီးခြင်း၊ ဟင်္သာစံကျောင်း နှင့် ရဟန္တာ သိမ်တော်တို့ သည်လည်း အမိုးလန်ပြီး အဆောက်အအုံ များ ပျက်စီးခြင်းနှင့် ဘုရားဝင်း အတွင်းသို့ သွယ်တန်း ထားသော လျှပ်စစ်မီးလိုင်းများ ပျက်စီးပြီး ထရန်စဖော်မာ တစ်ခုလုံး ပျက်စီးခြင်း၊ ဘုရားအနီး ပတ်ဝန်းကျင်ရှိ ကက္ကူအရှေ့ရွာ၊ ကက္ကူ အနောက်ရွာ နှင့် မောက်စံကျေးရွာ တို့တွင် လူနေအိမ် ၂၃ လုံး ပြိုကျပျက်စီး ခဲ့ပြီး လူနေအိမ် ၈၀ လုံးအမိုးလန် ပျက်စီးခြင်းများ ဖြစ်ပွားခဲ့သည်။

အဆိုပါ နေရာသို့ ယမန်နေ့ နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အေးဝင်း နှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုပြီး ပျက်စီးသွားသော စေတီပုထိုးများ၊ ကျောင်း၊ တန်ဆောင်းနှင့် သိမ်အဆောက် အအုံ များအား ပြန်လည်ပြုပြင် မွမ်းမံပြင်ဆင် ရန်အတွက် ကျောင်းထိုင် ဆရာတော် ဦးဝိလာသဂ္ဂ၊ ဂေါပက အဖွဲ့ဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ဒေသခံ ရပ်မိရပ်ဖ များနှင့် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးမှုများ ဆောင်ရွက်ပြီး တပ်မတော် (ကြည်း၊ရေ၊ လေ) မိသားစုများမှ လှူဒါန်းသော အလှူငွေ ကျပ်သိန်း ၅ဝဝ အား ပေးအပ် လှူဒါန်းသည်။

ထို့ပြင် ဘုရားဝင်း အတွင်းရှိ ပျက်စီးပြိုလဲ နေသော စေတီများနှင့် ဗောဓိညောင်ပင် သစ်ကိုင်းများအား နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်များက ပြုပြင် ရှင်းလင်းခြင်းများ ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးသည်။

ထို့အတူ ကက္ကူကျေးရွာရှိ စာသင်ကျောင်း၊ လူနေအိမ်များ၊ လမ်းဘေးဝဲယာ၌ လဲကျနေသော သစ်ကိုင်းများ၊ ဓာတ်တိုင်များအား ဆီဆိုင်နှင့် ဘန်းယဉ်တပ်နယ် တို့မှ အရာရှိ၊ စစ်သည် များက ရှင်းလင်းဖယ်ရှား ပေးခြင်း၊ လူနေအိမ် များအား ယာယီနေထိုင် နိုင်ရန်အတွက် အမိုးအကာများ ပြုလုပ်ပေးခြင်း၊ စာသင်ကျောင်း များအား အမိုးပြန်လည် မိုးပေးခြင်း၊ လမ်းပိတ်ဆို့ နေသော သစ်ပင်များအား ခုတ်ထွင်ရှင်းလင်း နေမှုများကို တိုင်းမှူးနှင့် တာဝန်ရှိ သူများက လိုက်လံ ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger