www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, April 9, 2016

မြ၀တီရုပ်မြင်သံကြား (၂၁)နှစ်မြောက် နှစ်ပတ်လည်နေ့နှင့် မြ၀တီမီဒီယာမှ ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ


ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော မြ၀တီရုပ်မြင်သံကြား မှ ထူးချွန်ဆုရ စစ်သည်တစ်ဦးကို ဂုဏ်ပြုမှတ်တမ်းလွှာ နှင့် ဆုပေးအပ်ချီးမြှင့်စဉ်

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော မြ၀တီရုပ်မြင်သံကြား (၂၁)နှစ်မြောက် နှစ်ပတ်လည်နေ့ နှင့် မြ၀တီမီဒီယာမှ ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ဂုဏ်ပြုအမှာစကား ပြောကြားစဉ်

ရန်ကုန် ၊ ၉-၄-၂၀၁၆

မြဝတီ ရုပ်မြင်သံကြား (၂၁) နှစ်မြောက် နှစ်ပတ်လည်နှေင့် မြဝတီမီဒီယာမှ ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ည ၆  နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီ မြို့နယ်ရှိ မြဝတီ ရုပ်မြင်သံကြား၌ ကျင်းပသည်။

အခမ်းအနားသို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇော၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မျိုး ဇော်သိန်း၊ ပြည်သူ့ ဆက်ဆံရေး နှင့်စိတ်ဓာတ် စစ်ဆင် ရေးညွှန်ကြား ရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် အောင်ရဲဝင်း၊ တပ် မတော် အရာရှိကြီးများ၊ မြဝတီ မီဒီယာတွင် တာဝန်ထမ်းဆောင်ခဲ့ ကြသည့် အငြိမ်းစား တပ်မတော် အရာရှိများ၊ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ၊ မြန်မာနိုင်ငံဂီတ အစည်းအရုံး၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံး၊ မြန်မာနိုင်ငံ သဘင်အ စည်းအရုံး၊ မြန်မာနိုင်ငံ ဓာတ်ပုံအသင်း၊ စာပေ/ဂီတ/ ရုပ်ရှင်အနု ပညာရှင်များ၊ (၇၁) နှစ်မြောက် တပ်မတော်နေ့ ဂုဏ်ပြု " အညတရ မိုးကောင်းကင် " ရုပ်ရှင်ဇာတ်ကား တွင်ပါဝင်ခဲ့ ကြသည့် အနုပညာရှင်များ၊ ထူးချွန်ဆု ရရှိကြသည့် အရာရှိ/ စစ်သည်/ ဝန်ထမ်းများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက် ရောက်ကြသည်။

ရှေးဦးစွာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော က ဂုဏ်ပြု အမှာစကား ပြောကြားသည်။

ထို့နောက် ဆုချီးမြှင့်ခြင်း အစီအစဉ်ကို ကျင်းပရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော က မြဝတီ ရုပ်မြင်သံကြားမှ ထူးချွန်ဆုရ စစ်သည်၊ ဝန်ထမ်းများကို ဂုဏ်ပြု မှတ်တမ်းလွှာ နှင့် ဆုများ ပေးအပ်ချီးမြှင့် သည်။

ဆက်လက်ပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးဇော်သိန်း၊ ပြည်သူ့ ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေး မှူးနှင့် ဖိတ်ကြားထား သော စစ်ဘက်/ နယ်ဘက်မှ အရာရှိကြီးများ က မြဝတီ ရုပ်မြင်သံကြားနှင့် မြဝတီ စာပေတိုက် တို့မှ ထူးချွန်ဆုရ စစ်သည်၊

ဝန်ထမ်းများနှင့် မြဝတီရောင်စုံ ဓာတ်ပုံပြိုင်ပွဲ၊ မြဝတီ/ ငွေတာရီ မဂ္ဂဇင်း အကောင်းဆုံး ကာတွန်း/ ကဗျာ/ ဆောင်းပါး/ ဝတ္ထုတို /ဝတ္ထုရှည် ဆုရရှိကြသူ များကို လည်းကောင်း၊ မြဝတီ သတင်းစာတိုက်၊ ရတနာပုံ သတင်းစာတိုက် နှင့် သဇင်အသံ လွှင့် ဌာနတို့မှ ထူးချွန်ဆုရ စစ်သည်၊ ဝန်ထမ်း များကို လည်းကောင်း ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့် ကြသည်။

အခမ်းအနား အပြီးတွင် ဧည့်သည်တော် များအား ဂုဏ်ပြုညစာ တည်ခင်း ဧည့်ခံခဲ့ပြီး မြဝတီ တေးဂီတနှင့် တွဲဖက်၍ မြန်မာနိုင်ငံ ဂီတ အစည်းအရုံးမှ တေးသံရှင်များ၊ အနုပညာရှင်များ၊ မြဝတီ ရုပ်မြင်သံကြားမှ တေးသံရှင်များက အဆိုအက များဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်။

မြဝတီ ရုပ်မြင်သံကြားကို ၁၉၉၅ ခုနှစ်၊ မတ်လ ၂၇ ရက်၊ နှစ်(၅ဝ)ပြည့် ရွှေရတု တပ်မတော်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ ခြင်းဖြစ်ပြီး ယခု ၂ဝ၁၆ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် (၇၁)နှစ် မြောက်တပ်မတော်နေ့ နှင့်အတူ မြဝတီ ရုပ်မြင်သံကြား၏ မီဒီယာ သက်တမ်း သည်လည်း (၂၁)နှစ်ပြည့် မြောက်ခဲ့ပြီဖြစ်ကာ ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန်၊ စည်းရုံးရန် ဟူသော ရည်ရွယ်ချက် များဖြင့် နိုင်ငံတော်၊ ပြည်သူလူထုနှင့်တ ပ်မတော် အတွက် တာဝန်ကျေပွန်သော ရုပ်သံလိုင်း တစ်ခုအဖြစ် အစဉ်ဆက်လက် ကြိုးပမ်း ရပ်တည်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၅)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger