www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 6, 2016

ဘိုးဘွား ၂၀၀ ကျော်နားခိုနိုင်မည့် ဆည်းဆာရိပ်ဂိလာန ဘိုးဘွားရိပ်သာ လေးထပ်တိုးချဲ့ဆောင်သစ် ဖွင့်လှစ်



ရန်ကုန် ၊ ၆-၄-၂၀၁၆

အကြောင်း အမျိုးမျိုးကြောင့် အနယ်နယ် အရပ်ရပ်မှ လာသော သက်ကြီး ဘိုးဘွားများ အတွက် နားခိုရာ ဆည်းဆာရိပ် ဂိလာန ဘိုးဘွားရိပ်သာ လေးထပ် တိုးချဲ့ဆောင်သစ် ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ဗိုလ်မင်းခေါင်လမ်း ရှိ အဆိုပါ ရိပ်သာဝင်း အရှေ့၌ ကျင်းပသည်။

အဆောက်အအုံ သစ်အား ဆည်းဆာရိပ် ဂိလာန ဘိုးဘွားရိပ်သာ ဥက္ကဋ္ဌနှင့် အဆောက်အအုံ အလှူရှင်များက ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြသည်။ ဖွင့်ပွဲနှင့်အတူ ရိပ်သာကြီး၏ ၆ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား အား တစ်ဆက်တည်း ကျင်းပခဲ့ကြောင်း သိရသည်။

လေးထပ်ဆောင် အဆောက်အအုံသစ် ကို အလှူရှင် သုံးဦးမှ ငွေကျပ်သိန်း ၅ဝဝဝ ကျော် အကုန်အကျခံ ဆောက်လုပ်လှူဒါန်း ခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် ဘိုးဘွား ၉ဝ ဦးနေထိုင်ပြီး တိုးချဲ့ အဆောင်သစ် တွင် ဘိုးဘွား ၂ဝဝ ကျော်နေထိုင် နိုင်ကြောင်း သိရသည်။

''ပြီးခဲ့တဲ့ ခြောက်နှစ်က စပြီး ဒီဆည်းဆာရိပ် ဂိလာန ဘိုးဘွားရိပ်သာ ကို တစ်ထပ်တိုက် အဆောင် တစ်လုံးမှာ သက်ကြီး ဘိုးဘွားရှစ်ဦး နဲ့ စတင်ဖွင့်လှစ် ခဲ့တာပါ။ နောက်ပိုင်း အလှူရှင် တွေရဲ့ လှူဒါန်းမှု တွေကြောင့် နှစ်ထပ်ဆောင် နဲ့ယာဉ်တစ်စီး ရရှိခဲ့ပြီး အခု လေးထပ်အဆောင် သစ်နဲ့ဆို အဆောင်သုံးလုံး ရရှိသွားပါပြီ။ အလှူရှင် တွေကိုလည်း ဘိုးဘွားတွေ ကိုယ်စား အရမ်းကို ကျေးဇူးအထူး တင်ရှိပါတယ်'' ဟု ဆည်းဆာရိပ် ဂိလာန ဘိုးဘွားရိပ်သာ ဥက္ကဋ္ဌ စာရေးဆရာမ ဒေါ်သန်းမြင့်အောင် က ပြောသည်။

မောင်မျိုး (ဧရာဝတီ)

မြ၀တီနေ့စဉ် ၊ စာ(၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger